#Unicode
ပဲခူးက တောရကျောင်းတစ်ခုမှာ ချစ်သောနဲ့လင်းသာရဲ့ Anniversary အတွက် အလှူလုပ်ပြီးတာနဲ့ ဝင်္ဂဘောဆင်စခန်းကို လာခဲ့ကြတယ်။ လာရောက်လည်ပတ်တဲ့သူတွေ အများကြီးရှိသလို ချစ်ဖို့ကောင်းလွန်းတဲ့ ဆင်အပေါက်လေးတွေလည်းရှိတယ်။ ချစ်သောနဲ့ရင်ခတ်က ဆင်စီးဖို့ပြောပေမဲ့ လင်းသာနဲ့ရေးကတော့ မစီးချင်တာကြောင့် ကျန်နေခဲ့လိုက်တယ်။
လူတောင် တစ်ခြားလူတစ်ယောက်ကို ဂုန်းပိုးပြီး လမ်းလျှောက်ရတဲ့အခါ ပင်ပန်းတယ်မဟုတ်လား။ တိရိစ္ဆာန်လည်း နာကျင်မှုကို ခံစားနိုင်တဲ့ သတ္တဝါပဲမို့ ကိုယ့်အပျော်တမ်း စိတ်ဖြေမှုအတွက်တော့ မစီးချင်ပေ။ မေမေပြောတာကို ကြာဖူးတယ်။ ဆင်တွေရဲ့ကျောရိုးက အနုနယ်ဆုံးနေရာတဲ့။ ဒါဆို ပိုပြီးတော့တောင် နာကျင်မှုကို ခံစားရမှာ မဟုတ်လား။
"ရေး"
"အင်း"
"ရင်ခတ်နဲ့မင်းနဲ့ ဘယ်လိုအခြေအနေရောက်ပြီလဲ"
"ဘာကို ဘယ်လိုအခြေအနေလဲ"
"မင်းရင်ခတ်နဲ့နီးဖို့ ကြိုးစားနေတာမဟုတ်ဘူးလား"
"မဟုတ်ပါဘူး"
"ငါက မင်းရင်ခတ်ကိုလိုက်နေတယ်ထင်တာ"
"အင်း"
"ဖွင့်ပြောပြီးပြီတောင် ထင်နေတာ"
"မဟုတ်တာကွာ။ ဖွင့်မပြောရသေးပါဘူး"
"အင်း"
"အရင်ကတော့ ရင်ခတ်ကိုဖွင့်ပြောပြီး နီးစပ်ခွင့်ရအောင် ကြိုးစားကြည့်မလို့ပဲ။ ဒါပေမဲ့ ခုတော့ အဲ့လိုကြိုးစားကြည့်ဖို့ကို ဝန်လေးနေတယ်"
"ငါတို့ကတော့ မင်းကိုအရင်လိုလေးပဲ နေစေချင်တယ်"
"ဘယ်လိုလဲ"
"သားတွေနဲ့ဦးဝေကို အရမ်းချစ်တဲ့ ရေးခြယ်သူအဖြစ်လေ"
"အင်း"
"အဲ့လိုလေးနေတာက အားလုံးအတွက် ပိုစိတ်ချမ်းသာရလိမ့်မယ်"
"တကယ်တော့ အစက ငါရင်ခတ်ကို ကြိုးစားကြည့်မလို့ပဲ။ ဒါပေမဲ့ တကယ်တမ်းကျ ငါမလုပ်နိုင်ဘူး။ ဦးဝေပေးတဲ့မေတ္တာနဲ့ ကလေးတွေပေးတဲ့ အချစ်က ငါ့ကိုအမှားမလုပ်မိစေဖို့ ကာကွယ်နေသလိုပဲ။ သူတို့ပေးတဲ့မေတ္တာက အေးချမ်းပြီးတော့ လှပတယ်။ ပြီးတော့ ငါ့အတွက် ထုထည်ကြီးမားပြီး ခမ်းနားလွန်းနေတယ်။ သူတို့ပေးတဲ့မေတ္တာကို ခံစားရလေ ငါရင်ခတ်အချစ်ကို ရယူဖို့မကြိုးစားနိုင်တော့လေပဲ"
KAMU SEDANG MEMBACA
OMG . . . My Future Husband is Him !!!
Romansaဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။