#Unicode
"ကိုကို"
"ဗျာ"
"ကျွန်တော်ဒီနေ့ကိုကို့ကားနဲ့ မလိုက်တော့ဘူးနော်"
"ဘာလို့လဲရေးငယ်"
"ကျွန်တော် ပန်းသွားဝယ်မလို့"
"ကိုယ်လိုက်ပို့ပေးမယ်လေ"
"မဟုတ်ဘူးကိုကိုရ။ ရှာရဦးမှာမို့လေ"
"ဪ Ok"
"ညနေမှ စောစောလေးလာခေါ်ပေး"
"ဘာလို့"
"စောစောလေးတွေ့ချင်လို့ပေါ့ဗျ ကိုကိုရ"
ရေးစကားကြောင့် ကိုကိုက ပြုံးပြုံးကြီးကြည့်လာတော့ ရေးအနည်းငယ်တော့ ရှက်သလိုပင်။ ဒါပေမဲ့ ပြုံးနေတဲ့ အပြုံးကြီးက ချစ်ဖို့ကောင်းနေတာမို့ ခြေဖျားထောက်ပြီး ပါးလေးကိုအနမ်းပေးတော့ ကိုကိုကမေးတယ်။
"ဒါပဲလား"
"ဟင် ဘာကိုလဲ"
"ဒါလေ ဒါပဲလားလို့"
ပါးကိုလက်ညှိုးနဲ့ထောက်ပြပြီး ဒါပဲလားလို့ မေးနေတဲ့ ဦးဝေရဲ့စကားကို ရေးနားလည်ဖို့ ကြိုးစားနေတုန်းမှာပဲ ရေးအနမ်းခံလိုက်ရတယ်။ ချိုမြိန်တဲ့အနမ်းတွေကို ပြန်လည်တုံ့ပြန်လိုက်တော့ အနမ်းတွေက ရှည်ကြာနေသလိုပင်။ ဒီလိုဆို အလုပ်သွားရမယ့်ပုံမပေါ်တော့။ ကိုကို့ပါးကို လက်နှစ်ဖက်နဲ့ အုပ်မိုးကိုင်ပြီး အနမ်းကိုရပ်တန့်တဲ့အခါ ကိုကိုက ရေးကို မျက်စပစ်ပြတယ်။
"တော်ပြီလေ"
ရေးစကားကြောင့်ပဲ ကိုကိုက မျက်မှောင်ကြီးကြုတ်ပြီး ခပ်တွေတွေ ထပ်စိုက်ကြည့်လာပြန်တယ်။
"အလုပ်လုပ်ရဦးမယ်လေ"
"ကိုယ်ချမ်းသာတယ်"
"အမလေးဗျာ သိပါတယ် စော်ဘွားကြီးရယ်။ စော်ဘွားကြီးကလည်း ကြွားလိုက်တာလွန်ရော"
"ကြွားတာ မဟုတ်ပါဘူးဗျာ။ အလုပ်မသွားဘဲ နမ်းလည်းဖြစ်တယ်လို့ပြောပြတာ"
"ကိုကိုဖြစ်ပေမဲ့ ကျွန်တော်မဖြစ်ဘူးလေ။ ကျွန်တော့်အလုပ်က ကတိပျက်လို့ရတဲ့အလုပ်မျိုး မဟုတ်ဘူးလေ ကိုကိုခွန်ဦးဝေရ"
ESTÁS LEYENDO
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။