#Unicode
"ကျွန်တော်ဒီနေ့ဆိုင်မသွားတော့ဘူးဦးဝေ"
မနက်စာ စားနေတုန်းမှာ ရေးငယ်ကဆိုလာတော့ အခွန်ရေးငယ်ကို မော့ကြည့်လိုက်တယ်။
"ဘာလို့လဲရေးငယ်"
"မမြသွေးမင်္ဂလာဆောင်အတွက် ဦးဝေသူငယ်ချင်းရဲ့ခြံမှာ ပန်းသွားခူးမလို့"
"ကိုယ်လိုက်ခဲ့ပေးမယ်လေ"
"မလိုပါဘူး ဦးဝေကိုယ့်ဘာကိုယ်ပဲ ရုံးကိုသွားပါ။ အပူဒဏ်လည်းခံနိုင်တာမဟုတ်ဘဲ ဘာလိုက်လုပ်မှာလဲ"
"ရေးငယ်က ဘယ်သူနဲ့သွားမှာလဲ"
"ဆိုင်က ကလေးတွေကို ပန်းခင်းကိုလာဖို့ပြောထားတယ်"
"အိမ်ကနေ ဘယ်သူနဲ့သွားမှာလဲမေးတာ"
"တစ်ယောက်တည်းသွားမှာပေါ့"
"ညနေကမ်းနားလမ်းကို လာခေါ်ပေးရမှာလား"
"အင်း"
"အဲ့ဒါဆို ကိုယ်သွားပြီ"
"ဟုတ်"
ရေးငယ်က ချစ်ဖို့ကြိုးစားကြည့်ပေးပါ့မယ်ဆိုတဲ့နောက်ပိုင်း အခွန်နဲ့ရေးငယ် Close ဖြစ်လာတယ်။ စကားပြောတာကအစ ပွင့်လင်းလာပြီး အနေအထိုင်ကအစ ရင်းနှီးခဲ့တယ်။
အိမ်ကနေထွက်တော့မယ်ဆိုတော့ ရေးငယ်က အခွန့်ကို ကားနားအထိလိုက်ပို့ပေးခဲ့တယ်။ ကားပေါ်တက်ဖို့ ဟန်ပြင်ပြီးမှ နောက်ကိုပြန်လှည့်ပြီး ရေးငယ်အနားကို ပြန်လာခဲ့လိုက်တယ်။
"ဘာကျန်ခဲ့လို့လဲဦးဝေ"
ရုံးသွားဖို့ ကာပေါ်ကိုတက်မယ်လုပ်ပြီးမှ နောက်ကိုပြန်လှည့်လာတဲ့ ဦးဝေက ရေးပါးလေးကို ရုတ်တရက်လာနမ်းတယ်။ မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက် အနမ်းခံလိုက်ရတာမို့ ရင်ခုန်သံတွေ မြန်လာခဲ့တယ်။
"ကိုယ့်ရဲ့တစ်နေ့တာက ရေးငယ်ပါးလေးကို မွှေးမွှေးပေးရမှ ပြည့်စုံမှာမို့လို့ပါ"
အနမ်းတွေကြောင့် မြန်နေရတဲ့ရင်ခုန်သံက ဦးဝေစကားကြောင့် ပိုပြီး အတိုင်းအဆမဲ့စွာ ခုန်လာပါတော့တယ်။
"ကိုယ့်ရဲ့နေ့ရက်တိုင်းမှာ မင်္ဂလာရှိတဲ့ ဒီလိုနံနက်ခင်းတိုင်းကို ရေးငယ်ရဲ့ပါးလေးကို မွှေးမွှေးပေးပြီး စတင်တာက အကျင့်တစ်ခုလို ဖြစ်နေခဲ့တာပါ။ ရေးငယ်ရဲ့အတိတ်တွေကို မှတ်မိဖို့ ကူညီပေးပါလို့ ကိုကို့ကို ပြောခဲ့တယ်မို့လား။ ရေးငယ်ရဲ့အတိတ်တွေကိုမှတ်မိနိုင်ဖို့ အရင်လိုပြန်နေကြမယ်ဆိုရင် ဒီအနမ်းလေးက မပါမဖြစ်မို့ ခွင့်မတောင်းတော့ဘူးနော်။ ဒါလေးတစ်ခုကိုတော့ ရေးငယ်ဘက်က ခွင့်ပြုပေးပါ"
DU LIEST GERADE
OMG . . . My Future Husband is Him !!!
Romantikဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။