#Unicode
တီ တီ
"ဖေဖေ ကျန်ရာပီ"
အိမ်ရှေ့ဆီက ကားဟွန်းသံကို ကြားတော့ ကလေးတွေက ဖေဖေပြန်လာပြီဟု တက်ညီလက်ညီ ပြိုင်တူအော်ကြတယ်။
"ပါးပါး ဖေဖေကျန်ရာပီရေ"
"အင်း"
"တွားကြိုရေ"
"သူ့ဘာသူ ဝင်လာမှာပေါ့"
"ဟဲ့ အမလေး သားရယ်။ ကိုယ့်ယောင်္ကျားပြန်လာတာ ကိုယ်ကထွက်ကြိုရမှာပေါ့။ ချူတူးလေးလောက်တောင် အသိတတ်တရား မရှိတော့တာလား"
"အာ မေမေကလည်း အရင်ကလည်း ကြိုနေလို့လား"
"အမလေး ကြိုတယ်။ ကြိုတာမှ ကားဟွန်းသံကြားတာနဲ့ ချက်ချင်းပြေးထွက်ပြီးကို ကြိုတာ။ မမှတ်မိတော့ဘူးဆိုရင်လည်း မှတ်မိတဲ့သူက ပြောပေးနေရင် လိုက်လုပ်လိုက်ပေါ့"
"အာ မေမေကလည်း မလုပ်ချင်ပါဘူး"
ယောင်္ကျားပြန်လာတာနဲ့ အိမ်ရှေ့ ပြေးထွက်ကြိုရအောင် ကိုယ်က မိန်းမကြီးလည်း မဟုတ်ပေ။ နေပါဦး အရင်ကငါကရော မိန်းမလည်း မဟုတ်ဘဲ ဘာလို့ ဒီလိုတွေ လုပ်ခဲ့တာပါလိမ့်။
"ဖေဖေကျန်ရာရင် ပါးပါးကြိုနေကြရေ။ ဖေဖေကရဲ ကျန်ရာတာနဲ့ ပါးပါးကို အာဝါးပေးနေကြ"
"ဟာ ဒီရှူတူး ဘာတွေလာပြောနေတာလဲ"
"ရှူးတူးကြောတာ ဟုတ်ရယ်ရေ ပါး"
"ဟာ"
ရှူတူးအပြောကို ချူတူလေးကပါ ထောက်ခံပေးနေတော့ ကိုယ့်မှာ မျက်နှာထားစရာ မရှိတော့ပေ။
"ဟာမနေနဲ့ ကိုရေးခြယ်သူ ထွက်ကြိုလိုက်ပါဆို"
"အာ မေမေကလည်း မလုပ်ဖူးဘဲနဲ့ မလုပ်ချင်ပါဘူး"
"ဟဲ့ လုပ်နေကြပါဆို။ ပြောနေတာမကြားဘူးလား သွားလို့"
"ရပါတယ် မေမေရဲ့။ ရေးငယ် အဆင်ပြေသလိုနေပါစေ"
ရေးကို မေမေက ဦးဝေကို ထွက်ကြိုဖို့ ဆူနေတုန်းမှာ ဦးဝေက မေမေတို့ အိမ်ထဲကို ဝင်လာတယ်။
"ကိုယ့်ယောင်္ကျားကို ကိုယ်ထွက်ကြိုဖို့ တော်တော်ပြောနေရတာတော့ မဟုတ်သေးပါဘူး သားရယ်"
VOCÊ ESTÁ LENDO
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။