1

2.9K 276 10
                                    

"သူဘယ်မှာလဲ!!!"

"စိုးရိမ်စရာတော့မရှိတော့ပါဘူး... ကျနော်တို့သူ့ကို အခန်းထဲမှာထားပေးထားပါတယ်...ပြသနာကြီးကြီးမားမားမရှိလို့...."

"ဒါနဲ့ဆို ဒီကလေး ဘယ်နှစ်ကြိမ်တောင်ရှိနေပြီလဲ"

jaebum... BodyGurd agency ရဲ့ အဖွဲ့ခေါင်းဆောင်... ဆေးရုံအခန်းရှိရာသို့ မြန်မြန်ဆန်ဆန်သွားနေသူသည် ပုံမှန်အချိန်ဆိုလျှင် Cool guys ဒီဇိုင်းနှင့် အငြိမ်တစ်လိုင်းဖြစ်သော်လည်း
ဆေးရုံခန်းထဲရှိ အဖွဲ့သားတွေထဲက တစ်ယောက်ဖြစ်သည့် သူ့အတွက်ဆိုရင်တော့ အမြဲလိိုလို ပြာယာခတ်စေသည်

"သူ အခုဘယ်လိုနေသေးလဲ Dr."

သူ့အခြေအနေအား ဆရာဝန်သို့ Jaebum မေးလိုက်သည်

"ပုံမှနိဖြစ်သွားပါပြီ... ပြသနာကြီးကြီးမားမား မဖြစ်ပါဘူး... ပွန်းပဲ့သလောက်ပဲ ပြတ်ရှဒဏ်ရာ ရသွားတာပါ... ခြေတွေလက်တွေလည်း အကောင်းအတိုင်းပဲ ကျိုးတာအက်တာ မရှိဘူး...ဒဏ်ရာရတုန်း သွေးထွက်ထားတဲ့ အရှိန်ကြောင့်သာ သတိလစ်သွားရုံပါ..အခုလည်း အကုန်လုံးကုသပေးပြီးပြီဆိုတော့ တကယ်လို့ ဆေးရုံဆင်းချင်ရင် ဒီနေ့ညနေ ဒါမှမဟုတ် မနက်ဖြန် ဆင်းလို့ရပြီ
ပြီးတော့ ထုံးစံအတိုင်း လိုအပ်တာလေးတွေ ရှောင်ဖို့ ပဲပေါ့"

အကြောင်းသိနေပြီဖြစ်သော Doctor မှ ပြောပြစရာရှိသည်များကို ပြောကြားပြီးနောက် Jaebum ပခုံးလေးအား ပုတ်ကာ အခန်းရှေ့မှ ထွက်လာခဲ့တော့သည်

"Thanks God!!"
Jaebum တစ်ယောက် အသံထွက်ကာရေရွတ်ရငိး အခန်းထဲသို့ ဝင်လာတော့

"ဟာ..Hyung!!!! Yahhhh ဘယ်ကောင်သွားပြီး Hyung ကို သတင်းပို့လိုက်တာလဲ မပြောနဲ့လို့..."

အိပ်ယာထဲလှဲနေရသူက Jaebumအား မြင်သည်နှင့် သတင်းပေးရသည့်အတွက် စိတ်ဆိုးမာန်ဆိုးဖြင့် ထအော်လေသည်

"Kim Seokjin!!! Yah... ဒီလိုမျိုး ငါ့ကို နှလုံးရောဂါရအောင်လုပ်နေတာ တွေဘယ်တော့မှ မင်းရပ်မှာလဲ...ဟမ်..အခုရော ငါဘယ်လောက်ထိ စိတ်ပူရလဲ မင်းသိလား"

"Hyung ရယ် စိတ်လျော့ပါနော် အရင်တစ်ခါလို ဆိုးဆိုးရွားရွား ဖြစ်သွားတာမှမရှိတာ ရှောင်လိုက်နိုင်တာပဲဟာကို "

Guardian (Translation Fic) CompletedWhere stories live. Discover now