11

1.6K 225 43
                                    

* လူငယ် artist တစ်ယောက်နဲ့ သူရဲ့ Bodygurd တို့ရဲ့ Dating သတင်းတွေဟာ သတင်းအမှားဖြစ်ကြောင်းထုတ်ပြန်ကြေငြာ*

* အလုပ်ဖြုတ်ခံလိုက်ရသော Bodygurd*

* Jeon Jungkook မှ သတင်းအမှားဖြန့်ဝေသူအား အသရေဖျက်မှုဖြင့် တရားစွဲရန် စီစဥ်*

စသည့် သတင်းများနှင့်အတူ Jungkook နှင့် Jimin တို့၏ Dating သတင်းကပါ ကပ်လျက် ကျော်ကြားနေလေသည်...  နှစ်ယောက်အတူတူ အပြင်သွားလာထားသော ပုံများသည်လည်း social media တွင် အများအပြားပျံ့နှ့ံနေလေသည်

"Hey Bro!! မင်းရဲ့သတင်းတွေက အခုထိ ရှိနေတုန်းပဲ ပိုပြီးတောင်များလာသေးတယ်!!"

အဆောင်၏ ဧည့်ခန်းမတွင်ထိုင်ကာ ဖုန်းသုံးနေသော Namjoon မှ တက်လာသော သတင်းများအားကြည့်နေရင်း Jin အား ပြောလိုက်သည်

ပြသနာတွေဖြစ်ပြီးနောက် အဆောင်သို့ jin ပြန်ရောက်နေသည်မှာ နှစ်ပတ် ခန့်ပင်ရှိနေပြီဖြစ်သည်.. သို့သော် သတင်းများမှာမူ လျော့သွားခြင်းမရှိသည့်အပြင် လွန်ခဲ့သော နှစ်ရက်ခန့်က Dating အား ငြင်းထားသည့်အတွက် ပို၍ပင် ထိုသတင်းက ကြာရှည်နေသည်ဖြစ်သည်

"ငါ ဘာမှမကြားချင်ဘူး!!"

Namjoon အား လှည့်မကြည့်ပဲပြန်ပြောကာ
စားပွဲပေါ်က Coffee ခွက်ကို ယူရင်း တစ်ငုံ ငုံထားလိုက်သည်

"ဒါပေမယ့်!!..."

"ဟေ့ကောင်တွေ မင်းတို့ အပြင်သွားကြမလား!!!"

Namjoon စကားဆက်မပြောခင်မှာတင် ဧည့်ခန်းထဲသို့ ဝင်လာသော Jaebum မှ အပြင်သွားရန်စကားစလာခဲ့သည်

"Oh!! yeah... သွားကြမယ်လေ!!"

Jin ပြန်ဖြေလိုက်ပြီး ဘေးနားက အနွေးထည်အား ကောက်ယူလိုက်သည်

လက်ရှိပြသနာတွေအကြောင်း Jin မှ မပြောပြသလို Jaebum ကလည်း မေးမနေခဲ့... အခုလက်ရှိအချိန်သည် Jin အတွက် စိတ်သက်သာသလိုနေဖို့သာ အရေးကြီးတာကြောင့် Jaebum မမေးဘဲထားပေးထားသည်

.
.
.
.

"မင်းအနည်းဆုံးတော့ မင်းရဲ့လစာတွေသွားပြန်ယူသင့်တယ်!!"

လူများသည့်လမ်းလေးပေါ်တွင် သုံးယောက်အတူတူ လျောက်လာရင်းမှ Namjoon မှ စကားစပြောလာသည်

Guardian (Translation Fic) CompletedWhere stories live. Discover now