12

1.5K 221 21
                                    

"Jungkook!!! မင်းဘာတွေဖြစ်နေတာလဲကွာ.. အခုဟာက Official event ကနေတောင် ထွက်ပြေးတဲ့အဆင့်ဖြစ်နေပါလား!!"

အိမ်ထဲသို့ပင် ခြေချလိုက်သည်နှင့် Hobi အသံက စတင်၍ ထွက်ပေါ်လာသည်

*မင်းတကယ်ပဲ ငါလုပ်တယ်လို့ထင်နေတာလား!!!*

Hobi ဘယ်လိုပဲပြောနေပါစေ Jungkook နားထဲတွင်တော့ Jin စကားသံသာ ပဲ့တင်ထပ်နေသည်
သူ့မျက်နှာကို စေ့စေ့ကြည့်ကာမေးသွားတဲ့ Jin ကြောင့် အတွေးတစ်ခုလုံးသည် Jin အကြောင်းပင်...

Hobi Hyung မတွေ့အောင်ထွက်ပြေးရင်း တွေ့ရာလူတစ်ယောက်ကို လမ်းကြားထဲဆွဲကာ အကာအကွယ်ယူရင်းပုန်းတုန်းက သူဆွဲလိုက်မိတဲ့သူကြောင့် တကယ်ပဲအံ့အားသင့်မိရတယ်...
တခြားလူမဟုတ်ပဲ သူဖြစ်နေတယ်ဆိုတဲ့အသိစိတ်က အံအားသင့်တာထင် နွေးထွေးလုံခြုံမှုကို ခံစားရစေခဲ့သည်...
တကယ်ပဲ သူ ပခုံးပြင်ကျယ်ကျယ်နဲ့သူ့ကို သတိရနေမိခဲ့တာလားတောင် မသိတော့

ကိုယ့်အတွေးနှင့်ကိုယ်ဖြစ်နေတုန်း ကြားဖြတ်ဝင်လာတဲ့ Hobi အသံကြောင့် အတွေးလက်စပင် ပြတ်သွားခဲ့ရသည်

"Yah!!! သက်ပြင်းချတယ်ဆိုတာ ငါလုပ်ရမှာလေ...အခုမင်းကများ..."

"Hyung! !!!!!"

"Jungkook ဒီပွဲက ဘယ်လောက် စိတ်ညစ်စရာကောင်းလဲငါသိတယ်.. မင်းအတွက် pressure များတယ်ဆိုတာလည်း ငါနားလည်တယ်.. ဒါပေမယ့်ကွာ မင်းအခုလို ထွက်ပြေးတာတွေကြတော့ ငါမှာအရူးလိုပဲ!!!.... ပြီးတော့ Jimin ကလည်း မင်းဘယ်မှာလဲ...မင်းဘယ်ရောက်သွားလဲ... ခဏခဏမေးနေတာ.. ငါ့မှာ အဖြေကမရှိ.. ပြီးတော့ မင်းက အဲ့ စောက်လမ်းကြားထဲ ဘာသွားလုပ်နေတာလဲ!!! တစ်ယောက်ယောက်ကများမြင်ကြည့်လိုက်...နောက်ထပ် သတင်းအသစ်က..."

"Hyung!! ကျနော် Jin ကို တွေ့ခဲ့တယ်"

Hobi ပြောနေသည်ကို အဆုံးထိပင်နားမထောင်တော့ပဲ Jungkook ဖြတ်ပြောလိုက်သည်

"Huh!!!"

"Kim Seok jin... ကျနော်သူ့ကို လမ်းကြားထဲမှာတွေ့ခဲ့တာ!!"

"Kim seokjin??.. မင်းရဲ့ ex... မဟုတ်ပါဘူး.. မင်းရဲ့ bodygurd!!... Yah!! သူက မင်းကို ပြန်ပေးဆွဲသွားတာလား... ငါဘာလုပ်ရမလဲ..ရဲ..ရဲတိုင်လိုက်ရမလား!!!"

Guardian (Translation Fic) CompletedWhere stories live. Discover now