29

1.5K 178 38
                                    

"မဖြစ်ရဘူး.. ဒီလိုမျိုး ဖြစ်လို့ မဖြစ်ဘူး!!"

Jin တစ်ယောက် Yoongi ၏ ရုံးခန်းထဲတွင် ဟိုဘက်ဒီဘက်လျောက်ရင်း ရေရွတ်နေသည်..
Yoongi က Jimin ဖုန်းကို ခေါ်ကြည့်နေသလို Hobi ကလည်း Jungkook ဖုန်းအား ထိုင်ခေါ်နေလေသည်... အဝင်သာရှိပြီး ကိုင်မည့်သူမရှိသော ဖုန်းများကိုထိုင်ခေါ်နေခဲ့သည်မှာတစ်နာရီခန့်ရှိပြီဖြစ်သောကြောင့် အကုန်လုံး၏ စိုးရိမ်ရေမှတ်သည် မြင့်သထက်မြင့်လာခဲ့ကြသည်

"Damn it!!!.. ဘယ်လိုကောင်က ဒီလိုနေရာထိလာပြီး လုပ်နိုင်သွားရတာလဲ!!"

Yoongi သူ့ဖုန်းလေးအား ကြမ်းပြင်ပေါ်သို့ပစ်ထုတ်လိုက်ပြီး ခေါင်းကိုကုတ်ကာ ထအော်လေသည်

ထိုလုပ်သွားသောသူသည် သာမန်လူတော့မဖြစ်နိုင်မှန်း သူတို့သိကြသညိ.. အဘယ့်ကြောင့်ဆိုသော် secrity အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ထိုနေရာသို့ဝင်နိုင်သောကြောင့်ပင်ဖြစ်သည်
Yoongi ၏ A class အဆင့်ရှိ Security တို့သည် ဝင်ပေါက်မှစ၍ အဆင့်ဆင့်စစ်ဆေးမှုသည် တစ်ဦးချင်းစီအားလုပ်ခြင်းဖြစ်ပြီး Make up artist များကအစပင် စစ်ဆေးသောကြောင့်ဖြစ်သည်

Jin သူကိုယ်တိုင်လည်း သတိမထားမိခဲ့..သူ့အား ဆဲပြသွားတာတောင်မှပင် ကြောင်၍သာ ကျန်ခဲ့လေသည်... staff အများကြီးရှိသဖြင့် တစ်ဦးချင်းစီအားအခုမှ ခေါ်ယူစစ်ဆေးရန်မှာလည်း ရဲအရာရှိများသာလျင် အသေးစိတ်မေးမြန်းစစ်နိုင်မည်ဖြစ်သော်လည်း အချိန်တော်တော့်ပင်ယူရမည်ဖြစ်သည်

နောက်ထပ်ဖြစ်နိုင်ချေရှိသည်မှာ ထိုသူသည် သူတို့၏ schedule များအား အသေးစိတ်သိထားသောသူဖြစ်မည်.. တောက်လျောက်အနီူကပ်သတင်းယူနေသူ....အစွန်းရောက် Fans တွေ ...ဒီလိုလူတွေလည်းဖြစ်နေနိုင်သည်..

အခန်းထောင့်တွင်ကပ်၍ အသေးစိတ်ပြန်စဥိးစားနေသော Jin အား Yoongi ကြည့်လိုက်ပြီး

"Hyung... အခုဘယ်လိုလုပ်ကြမလဲ!!"

Yoongi အားမရှိသောလေသံဖြင့်မေးလာသည်.

"ငါတို့မှာအချိန်အများကြီးမရဘူး... တကယ်လို့သတင်းပေါက်သွားရင် ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ကုန်ကြမှာ!!"

Guardian (Translation Fic) CompletedWhere stories live. Discover now