4

1.6K 240 19
                                    

Jungkook ပြောသမျှ စကားလုံးတိုင်းကို နားထဲကြားယောင်ရင်း ထွက်လာသမျှဒေါသတို့ကို သံအိတ်ပေါ်သို့သာ စုပုံရင်း မောဟိုက်လာသည်အထိ ထိုးနေမိသည်

"Ahhhhhh!!!!! ဒီကောင်လေးကတော့ကွာ"

နောက်ဆုံးတစ်ချက် ပေါက်ကွဲထွက်ရင်း အပြင်းဆုံးလက်သီးချက်တို့ထိုးလိုက်ပြီးနောက် နံရံကိုမှီကာ jin ခြေပစ်လက်ပစ်ထိုင်နေမိသည်

"ပြီးပြီလား!!"

တံခါးရှိရာဘက်မှ Jaebum hyung ၏ အသံကြောင့် Jin တစ်ချက်လှမ်းကြည့်လိုက်သည်

"Ahh....Hyung ဘာလဲ ကျနော့်အနောက်ကို လိုက်ချောင်းနေတာလား"

အမောဖြေရင်း မျက်လုံးတို့ကို စုံမှိတ်ကာ သက်ပြင်းသဲ့သဲ့ချပြီးမေးလိုက်လေသည်

"မင်းအနောက်လိုက်ချောင်းရအောင် မင်းကဘယ်သူမို့လို့လဲ..ဟမ်"

Jin ၏ အမေးအား ခပ်နောက်နောက်ပြန်ဖြေရင်း Jin ဘေးနားတွင်အသာဝင်ထိုင်လိုက်သည်

"ငါ့ဘာသာ Meeting ပြန်လာတာ ဒီအခန်းထဲမီးလင်းနေလို့ မင်းဖြစ်နိုင်လောက်တယ်ဆိုပြီးဝင်လာတာ"

"ဒါဆို ဟိုအကြောင်း Hyung သိပြီးပြီပေါ့"

"အင်း...Hoseok ငါ့ဆီ ဖုန်ူဆက်ပြောတာ.. ငါတော်တော်အံသြသွားတယ်"

"ဘာလို့လဲ!!"

"အရင်ကဆို မင်းက ဘယ်တော့မှအရင်ထွက်တဲ့ကောင်မဟုတ်ဘူးလေ ဒီတစ်ခါက ဘယ်လိုဖြစ်တာလဲ"

"ahhh... အဲ့ကောင်က တကယ် စိတ်ကုန်ဖို့ကောင်းတဲ့သူပါဗျာ.."

"ဆိုးဆိုးရွားရွား ဖြစ်ခဲ့ကြလို့လား"

"ထားလိုက်ပါ​တော့ Hyung ရာ...ပြန်မပြောချင်တော့ဘူး"

"အေးပါ.."

"Hyung ကျနော် ခဏနားဦးမယ်နော်"

"နားလေ ပြောစရာမလိုပါဘူးကွာ"

"Namjoon နဲ့ အပြင်လျောက်သွားချင်လို့"

"yah!!! Namjoon နဲ့တော့ မဖြစ်ဘူး...မင်းတို့နှစ်ကောင်ပေါင်းပြီး သွားရင် ပြသနာကို အထုတ်လိုက်သယ်ချလာတဲ့ကောင်တွေ"

"Hyung ကလည်း ရုပ်ရှင်ကြည့်ရုံတင်ပါဗျာ.. မစိုးရိမ်ပါနဲ့ "

.
.
.
.
.

Guardian (Translation Fic) CompletedWhere stories live. Discover now