28

1.5K 193 76
                                    

"yup... အဆင်ပြေသွားမှာပါ!!"

Jin စိတ်ထဲတွင်တစ်ဦးထဲပြောနေရင်း ရုံးချုပ်၏ လေ့ကျင့်ရေးခန်းမထောင့်တစ်နေရာတွင်ရပ်နေရသည်... အကြောင်းမှာ Jaebum Hyung အနားသို့ဘယ်လိုပြန်ကပ်ရမှန်းမသိသောကြောင့်ပင်..
Jaebum hyung အပေါ်လုပ်ခဲ့တဲ့ပြသနာက တော်ရုံသေးသေးလေးမဟုတ်..ထို့ကြောင့် Namjoon ကပင် "bro ရေ ဒီတစ်ခါတော့ ကို့ဘာသာရှင်းတော့ ငါဝင်မပါတော့ဘူး!!"
ဟူ၍ပင်ရှောင်ထွက်သွားလေသည်

Jaebum hyung စိတ်ဆိုးလျှင် သူတစ်ယောက်ထဲနှင့်မပြီး အနားရှိသောသူများအားလူံး ဒေါသ၏အကျိိုးသက်ရောက်မှုအားခံစားကြရသည်... လွန်ခဲ့သော နှစ်ရက်ကဖြစ်ခဲ့သော ပြသနာအကျိုးဆက်သည် ရုံးချုပ်ရှိ Bodygurd များအားလုံးပင် နေစရာမရှိလောက်အောင်ပင် အခက်တွေ့ခဲ့ကြရသည်..

ထိုနေ့က ထွက်သွားသော Jaebum Hyung အား Message တွေပို့ခဲ့ပါသော်လည်း ပြန်စာမလာသည့်အပြင် နောက်ရက်များတွင်ဖုန်းဆက်လေတော့ Blacklist ပင် အသွင်းခံလိုက်ရသည်..ထို့ကြောင့် ချက်ချင်းလာချော့ရင်ပိုဆိုးနိုင်သည်မို့ နှစ်ရက်အကြာမှ Jin ရုံးချုပ်သို့ရောက်လာခဲ့ရသည်

လေ့ကျင့်ရေးခန်းမထဲရှိ လေထုသည်ပို၍ပင်အေးစက်နေသယောင်... အငယ်လေးများအတွက် Jaebum ၏ လက်ရှိပုံစံကြောင့်နေရပိုခက်နေကြသည် ပုံမှန့ဆိုလျှင် ဆရာများထဲတွင် သဘောအကောင်းဆုံးသူမှ ထိုနှစ်ရက်တွင်ပုံစံကွဲလွဲစွာ တင်းကျပ်နေလွန်းသောကြောင့်ဖြစ်သည်...ထို့ပြင် ယခုပုံစံသည်ပင်လျှင် ခုန်အုပ်တော့မည့်ကျားတစ်ကောင်ကဲ့သို့ပင် ဖြစ်နေလေသည်...
ထိုပုံစံအား အခန်းထောင့်လေးမှာ ရပ်နေသော Jin သေချာမြင်တွေ့နေရပါသည်

"Soobin!! မင်းဘယ်ကိုကြည့်နေတာလဲ!!!"

အခန်းထောင့်တွင်ရပ်နေသော Jin အား လှမ်းကြည့်နေသော Soobin တစ်ယောက် Jaebum ၏ အဆူကိုခံလိုက်ရသည်

"Hyung ကလွန်လွန်းတယ်မထင်ဘူးလား...ဟိုမှာ Jin Hyung ရပ်နေတာ တော်တော်ကြာနေပြီလေ!!!"

လက်ညှိုးလေးညွှန်ကာ ပြောလာသော soobin သည် ပြောပြီးမှ မှားမိလေခြင်းဆိုပြီး အသိတရားဝင်သွားရှာသည်

"မင်း အခါ 50 ကွင်းပတ်ပြေးချင်နေတာလား!!!"

"မဟုတ်ပါဘူး!!!"

Guardian (Translation Fic) CompletedWhere stories live. Discover now