27

1.4K 203 52
                                    

"တခုခုပြောပြချင်လား!!"

Jin ဒဏ်ရာများအားဆေးထည့်ပေးရင်းနှင့် Jungkook မေးလိုက်သည်..
အခန်းထဲရောက်ကတည်းကပင် ဆေးထည့်ပြီးသည်အထိ ငြီးငြူသံပင်မထွက်ပဲ တိတ်ဆိတ်စွာ ငေးရင်းထိုင်နေသော jin ပုံစံကြောင့် Jungkook ပို၍ပင် စိုးထိတ်မိသည်...
Jin ကို ပုံစံတော်တော်များများမြင်ဖူးနေသော်လညိး အခုလို စိတ်လွတ်နေသူတစ်ယောက်လိုတော့အခုမှမြင်ဖူးလေသည်...

ဒါဟာသူမမြင်ဖူးသော တစ်စုံတစ်ယောက်ကို ချသ်မိခဲ့တဲ့ Jin... သူမသိတဲ့ အတိတ်မှာတစ်စုံတစ်ရာကိုပြန်ခံစားနေရတဲ့ Jin...
ဖြစ်နိုင်လျှင် သူ့ကိုယုံကြည်စွာနဲ့ Jin ကို ရင်ဖွင့်လိုက်စေချင်သည်...Jin က ခံစားနေရသည်ကိုဖွင့်ပြောမှာမဟုတ်မှန်းလညိးသိသည်...
သို့သော် Jin ဆီမှ စကားသံထွက်လာချိန်တွင် Jungkook အံ့သြသွားခဲ့ရသည်

"သူတကယ်ပဲ ဘာဆိုဘာမှ မမေးခဲ့ဘူး!!"

Jin အသံတို့ဟာ တည်ငြိမ်လွန်းနေပြီး အကြည့်တို့က တစ်နေရာစီကိုသာ ဦးတည်နေသည်

"ဟမ်!!"

"မင်းငယ်ငယ်တုန်းက မင်းရဲ့ staff တွေအပေါ်သွေးတိုးစမ်းဖူးတယ်မလား!!!"

Jin မှပင်ဆက်၍

"ငယ်သေးတော့ မင်းရဲ့ Hyung တွေ အဖေတွေရဲ့ အုပ်ချုပ်မှုအပြင်ဘက်မှာ ကိုယ့်ဘာသာလုပ်ချင်ခဲ့တာတွေရှိဖူးတယ်မလား...မင်းကဘယ်လောက်သန်မာတယ် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာကို အမြဲပြချင်ခဲ့တယ်မလား...အဲ့လိုခံစားချက်မျိုးပေါ့!!!"

သက်ပြင်းတစ်ချက်ချကာ ပြောလက်စစကားကို ခဏရပ်၍ ကုတင်အောက်သို့ Jin ဆင်းထိုင်လေသည်..ထို့ကြောင့် Jungkook လည်း Jin အနားတွင်ကပ်ထိုင်လိုက့ကာ ဇာတ်လမ်းရှည်တစ်ခုဖြစ်ဟန်တူမယ့်အကြောင်းကို နားထောင်ပေးရန် အသင့်ဖြစ်နေခဲ့သည်... Jin ရဲ့ နာကျင်ခဲ့ရတဲ့ အကြောင်းတွေကို သူမျှဝေပေးချင်ခဲ့သည်

"ကိုယ့်မှာ ကိုယ်ပိုင်Client ရှိလာပြီဆိုတဲ့စိတ်က ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ...မသိရင် လတစ်စင်းကို ပိုင်ဆိုင်လိုက်ရသလိုမျိုးလေ...အဲ့တာ Taehyung နဲ့စဆုံခဲ့တဲ့အချိန်ပဲ!!!"

Guardian (Translation Fic) CompletedWhere stories live. Discover now