31

1.5K 188 50
                                    

လက်ရှိအဖြစ်အပျက်တွေအားလုံးက Jin အတွက် ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားသလိုပင်...
ထိန်းချုပ်မှုမရှိတဲ့ကားတစ်စီးကိုစီးနေရပြီး အရှိန်နဲ့သစ်ပင်ကိုတိုက်ကာမှပျက်စီးခြင်းပေါင်းစုံနဲ့ရပ်သွားတဲ့ကားပေါ်က လူတသ်ယောက်လိုခံစားနေရသည်...

အသံတွေ..ဘေးကဖြတ်သွားတဲ့အသံတွေ...မေးနေကြတဲ့စကားသံတွေ...ထို့နောက် သူ့ကိုစောင်လေးနဲ့ ပတ်လာပေးတော့နွေးထွေးသွားမှု...ဆေးရုံဝန်ထမ်းဖြစ်ပုံပေါ်သည်.....

ကြောင်စီစီနှင့်ထိုင်ကာ ရင်းနှီးပြီးသားဆေးရုံနံရံဖြူဖြူကြီးကို ငေးငိုင်ကာကြည့်နေမိတဲ့Jin...
အတွေးများဖြင့်ယောက်ရက်ခတ်နေတာလား...တွေးစရာတို့ပင်ကုန်သည်အထိ တူန်လှုပ်နေသည်လား..ကိုယ်တိုင်ပင်မသိ.. ရေခဲတုံးတစ်ခုလို အေးစက်စက်ခံစားချက်ကြီး... ဘေးပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း မှုန်ဝါးနေလျက်...

ICCU ထဲသို့ တွန်းသွားသော Jungkook ပါတဲ့ တွန်းလှည်း...ပြီးတော့ တာဝန်ကျဆရာဝန်နဲ့စကားပြောနေပါတဲ့ Jaebum hyung...
အမြင်အာရုံတွင်သာပေါ်နေပါသော်လည်း အသိစိတ်မကပ်သေးသော Jin အား...
လူတစ်ယောက်မှ အားနှင့် ကော်လံမှဆွဲကာ ခပ်ပြင်းပြင်းတစ်ချက်ပါးရိုက်လိုက်သည်...
ဘာတွေဖြစ်သွားလဲ အာရုံစူးစိုက်မှုမရခင် အသံတွေ အူနေတော့သည်..

"ဒါတောင် နင့်ကိုနင် Bodygurd လို့ခေါ်သေးတယ်ပေါ့... ဘယ် bodygurd မျိုးက ကိုယ်ကာကွယ်ရမယ့်သူအနောက်မှာပုန်းနေမှာလဲ!!!!"

Jin ဝေဝါးနေသော အာရုံတို့ကို စူးစိုကိလိုက်ပြီး သူ့အရှေ့တွင်ဒေါသတကြီးပြောဆိုနေသည်က အသက်ခပ်လတ်လတ်အရွယ်အမျိုးသမီးကြီးတစ်ဦး... သူမဘယ်သူလညိး Jin မသိပါ... တစ်ခါမှလည်းမမြင်ဖူးပါ... သိူ့သော် သူမထပ်ပြောသောစကားကြောင့် နောက်တတရားတို့က တရိပ်ရိပ်တက်လာရသည်

"ငါ့သား သာ တစ်ခုခုဖြစ်ကြည့် အဲ့တာ နင့်အမှားကြောင့်ပဲ...နင်အသုံးမကျလို့ပဲ!!!"

* ဒါဆိုသူမက...Jungkook အမေပေါ့..*

Jungkook အမေ ပြသနာရှာနေသည်ကိုတွေ့သာ်နှင့် Jimin အပြေးရောက်လာကာ...

"အမေ...ဒါသူ့အပြစ့မဟုတ်ဘူး...သူ့ကိုအပြစ်မတင်ပါနဲ့!!"

မကျေနပ်နေသော ပုံစံနှင့်ထိုအမျိူးသမီးအား Jin နှင့်ခပ်လှမ်းလှမ်းသိူ့သာဆွဲခေါ်လာသည်

Guardian (Translation Fic) CompletedWhere stories live. Discover now