24

1.4K 209 27
                                    

"Hmmm!!!!"

hobi တစ်ယောက် ဝရန်တာမှာရပ်နေရင်း သက်ပြင်းတို့ကိုသာ အကြိမ်ကြိမ်ချနေမိသည်...
ထိုအိမ်၏ ဝရန်တာသည် အတွေးတို့ကို စိတ်ကြိုက်နယ်ချဲ့နိုင်သည့်နေရာတစ်ခုပင်ဖြစ်လာခဲ့သည်

"5 ကြိမ်!!"

"ဟမ်!!"

"သက်ပြင်းချတာ 5 ကြိမ်တောင်ရှိပြီလို့ပြောတာ!!"

ဆံပင်တို့ကိုသပ်ရင်း Jin ပြုံးပြကာHobi အနားသို့ရောက်လာခဲ့သည်

Hobi တစ်ခုခုဖြစ်နေတာတော့ Jin ရိပ်မိသည်..Hobi မျက်ဝန်းတို့သည် အရင်လိုတောက်ပ မနေပဲ မှိုင်းမိနေသကဲ့သို့ပင်.. ကူညီပေးနိုင်စရာကိစ္စမဟုတ်မှနိးသိပေမယ့် အကယ်၍ Jungkook နဲ့များစပ်ဆက်နေလျှင်ဆိုသော အသိက Jin အား သိချင်စိတ်တော့ဖြစ်စေမိသည်... Jungkook နှင့် တစ်ခါတစ်ရံ အကြည့်ချင်းဆုံမိတာကလွှဲလျှင် စကားမပြောဖြစ်ကြ..အနေကြာလာသည်နှင့် jungkook နှင့်ရင်းနှီးဖူးသော အချ်န်တွေမှ ဖယ်ထုတ်ခံရသည်ဟုလည်းခံစားနေမိသည်

"အဆင်ပြေရဲ့လား!!"

စကားပြန်မရသော Hobi အား နောက်တစ်ကြိမ် စကားလမ်းကြောင်းစလိုက်သည်

"ဟင့်အင်း.. ဒါပေမယ့် စိတ်ပူစရာသိပ်မရှိပါဘူး!!"

ဟန်ဆောင်အပြုံးတို့ကို ဆင်မြန်းကာ Hobi ပြန်ဖြေလာသည်

"Hobi... ကျနော် Taehyung ဘက်လိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး Hobi ရော ကျနော့်ကို စိတ်ဆိုးတုန်းလား!!"

"Nope! "

ထို့နောက် တဖန် ပြန်လည်တိတ်ဆိတ်ခြင်းသာ စိုးမိုးသွားပြန်သည်

"ဒါဆိုလည်း ကျနော်သွားတော့မယ်.. အေးဆေး အချိန်ယူပါ sorry!!"

Jin ဒီအတိုင်းသာ နှုတ်ဆက်လိုက်ပြီး အိမ်ထဲပြန်ဝင်ဖို့လုပ်နေစဥ်

"Jin.. sorry!!!... "
Jin လက်အားလှမ်းဆွဲလိုက်ပြီး

"ဒီထဲမှာ တွေးစရာတွေပြည့်နေလို့!!!"

သူ့ခေါင်းသူထိုးပြကာ Hobi ပြန်ပြောလာသည်

"ဘာအကြောင်းတွေလဲ!!"

"အဲ့တာက.... Jungkook ကိစ္စ!!"

hobi ပြောပြီးသည်နှင့် အကြည့်တို့က အဝေးဆီသာ ပြန်ရောက်သွားသောကြောင့် Jin စိတ်တို့ပင် ပိုလေးလာရသည်

Guardian (Translation Fic) CompletedWhere stories live. Discover now