30

1.5K 190 54
                                    

AN: ပြီးတဲ့ခဲ့အပိုင်းမှာသုံးခဲ့တဲ့သူရဲ့ Oli ဆိုတဲ့နာမည်အရင်းနေရာမှာ Woli လို့ပြောင်းသုံးပါမယ်နော်
(ကိုယ်ပြောတာမဟုတ်ဘူးနော် မူရင်းသာသာပြောင်းထားပြီး ပြောထားတာ)

.........

Jin ပုန်းနေတဲ့နေရာကနေ စိုးရိမ်စိတ်များကြောင့် နှလုံးခုန်သံတို့ပင် တဒုတ်ဒုတ်မြည်နေရသည်...ကံကောင်းစွာပင် လာခဲ့သောနေရာသည် ပြန်ပေးဆွဲသမားတို့ရှိနေပြီး ထိုနေရာသည် ဂိုဒေါင်အဟောင်းများရှိရာနေရာလည်းဖြစ်သည်..

အခုအချိန်တွင် Jin တဇွတ်ထိုးလုပ်၍မရပေ..သူတို့လက်ထဲတွင် လူနှစ်ယောက်ရဲ့အသက်က ရှိသေးသည်မဟုတ်လား...ထို့ကြောင့် သေတ္တာပုံးကြီးနှစ်ခုကြားတွင်ပုန်းနေလိုက်ပြီး ထိုအပေါက်များမှတဆင့် ချောင်းကြည့်နေလိုက်သည်..

အထဲတွင် Jungkook နှင့် Jimin အား ထိုင်ခုံတွင် ကြိုးတုပ်ထားကာ ဖမ်းထားသော သူများထဲမှတစ်ယောက်က စက်ဝိုင်းပုံစံလှည့်ပတ်ရင်းစကားပြောနေလေသည်..

သူတို့ပြောနေသောစကားများကိုပင် Jin ကြားနေရသည် အထူးသဖြင့် Jimin ၏ ထိုသူ့အားအော်ဟစ်နေသောအသံ.... Jin အရဲစွန့်ပြီးအတင်းမဝင်ရဲသေး..တစ်ခုခုသာမှားယွင်းခဲ့လျှင် အရင်ဦးဆုံးထိခိုက်မည်က သူတို့နှစ်ယောက်ပင်...

"ခင်ဗျားဘာလိုချင်တာလဲ!!"

jungkook မှ ထိုလူအားမေးလိုက်သည်

"Oh darling ရယ်...အချစ်ပေါ့.. အခုက ဓာတ်ပုံထဲမှာတောင်မဟုတ်ပဲ အပြင်မှာတွေ့နေရတဲ့ မင်းရဲ့ချစ်သူကို ငါကလိုချင်တာ!!!"

"ဘာ!!"

"ဒီမှာလေ..ဒီလောက်ချွတ်စွပ်တူတဲ့မျက်နှာကို မတွေ့ဘူးလား!!"

Woli ရယ်သံခပ်သဲ့သဲ့ဖြင့် Jungkook အားသူ့မျက်နှာပြရင်းမေးလိုက်သညိ

"ချွတ်စွပ်တူတယ်ဆိုတာ michael Jackson နဲ့လား!!"

Jungkook ခပ်ရွဲ့ရွဲ့ပင်ပြန်မေးလိုက်သည်

ထိုအသံများအား အပြင်မှ ကြားနေရသော Jin မှ Jungkook စကားကြောင့် ပြုံးလိုက်ပြီး "အရူးလေး" ဟု တီးတိုးမြည်တမ်းနေသည်...ထိုစဥ် နောက်ထွက်ပေါ်လာသော အသံကြောင့် Jin လက်သီးတို့ကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်မှာ လက်သည်းတို့ပင် ပြန်ထိုးစိုက်မတတ်ပင်...

Guardian (Translation Fic) CompletedWhere stories live. Discover now