26

1.4K 208 50
                                    

"Oh! ခင်ဗျားက ရှိနေတုန်းပဲလား!!"

ရင်းနှီးနေဖူးတဲ့လူတစ်ယောက်ရဲ့အသံ ခပ်ငေါ့ငေါ့လေသံနှင့် အစချီလာခဲ့သည်

Jungkook တို့သတင်း တွေ့ပြီးကတည်းက Jin တစ်ယောက် အခန်းထဲမှာတင် နေနေခဲ့သည်.. အိပ်ပျော်သွားခဲ့ရင် ဒီကိစ္စတွေများပျောက်ကွယ်သွားလေမလားဆိုပြီးတော့ပေါ့...
သို့သော်လည်းမေ့ဖျောက်ဖို့ရာခက်ခဲတဲ့သူ့အတွက် အလွယ်တကူပျောက်မသွားပေ...
နောက်ဆုံးတွင် ဆာလောင်လာသော ဗိုက်ရဲ့အချက်ပြမှုကြောင့် အောက်ထပ်သို့သာဆင်းလာခဲ့တော့သည်

အသံကြားသည်နှင့် စတင်တွေ့လိုက်ရသည်က "လက်" .. Jungkook နှင့် Jimin တို့ရဲ့တွဲထားတဲ့လက်တွေ...
Jungkook လက်တွေကို ပြန်ဆုပ်ကိုင်ထားတဲ့ Jimin မျက်နှာမှာလည်း အပြုံးရိပ်တချို့က ဝေ့ဝဲနေဆဲ...Jin မမြင်သလိုသာနေလိုက်ပြီး ​လှေကားထစ်များကိုသာ ဆက်ဆင်းနေလိုက်သည်

လက်ရှိJin ပုံစံသည် Pajamas နှင့် ဆံပင်များကလည်း အိပ်ရာထဲမှ ထလာသဖြင့် ပွယောင်းယောင်းဖြစ်နေလေသည်...
ဧည်ခန်းထဲရှိ သူတို့သုံး​ယောက်သည် MV အတွက် Meeting လုပ်ရန် စုဝေးနေပုံရသည်

Jin ဒီအတိုင်းသာ ကျော်သွားရင်းမီးဖိုခန်းထဲသို့ဝင်သွားလေတော့ Jimin တစ်ယောကိ ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားရသည်

"မင်းတို့က တစ်ယောက်နဲ့တစ်ယောက်သိနေတာလား!!"

Jin နှင့် Jimin ကြားတွင် ဘာဖြစ်ထားမှန်းမသိသည့် Yoongi မှ သဘောရိုးဖြင့်မေးလိုက်သည်

Jungkook ၏ မြင်ကွင်းတို့သည်လည်း Jin တစ်ယောက်နှင့်သာပြည့်နေသည့်ဟန် နားလည်ရခက်သော အကြည့်တို့ဖြင့် Jin အား စိုက်ကြည့်နေလေသည်... Hobi ကတော့ Promotion ကိစ္စများကြောင့် ထိုနေရာတွင်မရှိချေ...

"ဒါပေါ့ သိတာပေါ့!!"

Jimin ၏ ခပ်ရွဲ့ရွဲ့အသံနှင့် ဖြေကြားလာမှုကြောင့် Yoongi မျက်ခုံးတို့ကိုပင် ကုတ်နေလိုက်မိသည်

"ကျနော်တို့သိနေတာ ကြာပြီလေနော် jin! !"

Jimin တစ်ယောက် Jin ဘက်ကိုပါ လှည့်၍ မေးနေဟန် ပြောလေတော​့ Yoongi သည် Jin အား မျက်မှောင်ကြုံ့၍ ကြည့်နေလိုက်သည်

Guardian (Translation Fic) CompletedWhere stories live. Discover now