7

1.6K 236 14
                                    

"မင်းတို့က တစ်ယောက်နဲ့တစ်ယောက်သိနေကြတာလား!!"

Jungkook သံသယမျက်လုံးများဖြင့် နှစ်​ယောက်လုံးအားကြည့်ကာမေးလိုက်သည်

"No!!"

Taehyung ကို တချက်လေးမှ မကြည့်ပဲ Jin ထံမှထွက်ပေါ်လာသော အသံ...

"Yes!!"

Jin အားကြည့်ရင်းဖြေလာသော Taehyung...
Taehyung ၏ မျက်ဝန်းထဲတွင် Jungkook သိချင်သော story အပြည့်အစုံကို တွေ့မြင်နေရသည်

"Okey!!!... ဒီမှာ ခင်ဗျားက သူ့ရဲ့ Spy သာဆိုရင် အခုထဲက အလုပ်ထွက်နော်!!"

ထိုစကားသည် Jin အား Jungkook ဟုတ်လိုဟုတ်ငြားပြောလိုက်ခြင်းဖြစ်သည်

"Yahh!! Jungkook... ငါက ကလေးကလားဆန်ဆန် မင်းဆီကို Spy ထားမယ်များထင်နေတာလား... ငါဘယ်ဝန်ထမ်းကိုမှ အဲ့လိုလုပ်ခိုင်းမှာမဟုတ်သလို Jin ကလည်း အဲ့လိုလူစားမျိုးမဟုတ်ဘူး"

Taehyung အား Jin တစ်ချက်မော့ကြည့်လိုက်သည်...ခံစားချက်တစ်စုံတစ်ရာမပါပဲ အေးဆေးဖြစ်နေဟန်ရှိသော်လည်း လက်ချောင်းများက ဖြူလျော့နေလေသည်

"Jin..ကိုယ်တို့ စကားခဏပြောရအောင်နော်"

"ငါမင်းနဲ့ပြောစရာစကားမရှိဘူး"

"Jin...ခဏလေးပါကွာ"

Jin ရှိရာဆီသို့ ခြေတစ်လှမ်းခြင်းတိုးကာ စကားပြောရန် Taehyung ကမ်းလှမ်းနေလေသည်

"Taehyung....မင်းနောက်ထပ်တစ်လှမ်းတိုး​တာနဲ့ မင်းအသက်ဘယ်ကထွက်မှန်းမသိဖြစ်သွားမယ်နော်"

Jin လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း Taehyung အားရှေ့ဆက်မတိုးလာစေရန် တားမြစ်လိုက်သည်

"တော်ကြတော့..တော်ကြတော့ Taehyung မင်းကို သူ့လက်စာလေးမြည်းကြည့်သွားတာ မြင်ချင်ပေမယ့် နောက်ထပ်သတင်းတွေလိုက်ရှငိးနေရမှာဆိုးလို့ "

Jin နှင့် Taehyung ကြားမှနေ၍ Jungkook ဝင်ပြောလိုက်သည်.. ထို့နောက် Taehyung ကိုကြည့်ကာ

"Taehyung...အသားမနာချင်စမ်းပါနဲ့ကွာ.. ဘာကိစ္စမှမရှိရင်ပြန်တော့"

"ငါမင်းနဲ့ပြောစရာရှိလို့လာတာ"

"အဲ့တာဆိုလည်းအခန်းထဲဝင်ရအောင်"

Guardian (Translation Fic) CompletedWhere stories live. Discover now