15

1.6K 213 36
                                    

"Yah!!! Jeon Jungkook!!"

Jimin အကြည့်စူးစူးတိူ့နှင့်အတူ Jungkook နညမည်အား ကျယ်ကျယ်ခေါ်ရင်း ရုံးခန်းထဲသို့ဝင်လာခဲ့သည်

"Oh!! Jiminshi..... နောက်ဆုံးတော့!!.. ဘယ်အချိန်ကပြန်ရောက်တာလဲ!!... ကျနော်ဘာမှမဖြစ်......"

Jungkook ဝင်လာသောချစ်သူလေး Jimin အား ပြုံးပြုံးကြီးနှင့် စကားတွေဆက်ပြောနေသည်

"မင်း ဟိုလူ့ကို အလုပ်ပြန်ခန့်ဖို့လုပ်နေတယ်ဆို ဟုတ်လား!!!"

Jungkook စကားတို့ကိုပင် နားမထောင်ပဲ မေးချင်ရာကိုသာ အရင်မေးလာခဲ့သည်

"Huh!!"

Jimin ရဲ့ မေးခွန်းကြောင့် Jungkook မျက်နှာမှ အပြုံးတို့ပင် ရုတ်ချည်းကွယ်ပြောက်သွားခဲ့ရပြီး တွေးစရာပင်ဖြစ်လာသည်

"Kim Seok jin!!! အဲ့လူကို မင်းရဲ့ Bodygurd အဖြစ်ပြန်လုပ်ဖို့ သွားပြောထားတယ်ဆို!!!"

"Aww အဲ့တာလား ဟုတ်တယ်လေ.."

Jungkook စားပွဲပေါ်မှ calender အားကြည့်ရင်း ပြန်ဖြေလိုက်သည်

"ဘာလို့လဲ!!"

"ဘာလို့လဲ ဟုတ်လား!!!"

ပြက္ခဒိန်အားကြည့်နေရာမှ မော့လာသော Jungkook မျက်ဝန်းတို့တွင် ဒေါသရိပ်များလည်း ကပ်ပါလာခဲ့သည်

"ဘာလို့လဲ ဆိုတာကြီးက တကယ်ကြီးမေးနေတာလား Hyung! !! ဟမ်... အဲ့လူကလေ ကျနော့်အသက်ကို နှစ်ကြိမ်တိတိကယ်ထားတဲ့လူလေ!!"

"အဲ့တာသူ့အလုပ်ပဲလေ... သူ့အလုပ်အရ မင်းကိုကာကွယ်ပေးလို့ဖြစ်တာပဲ ဘာများထူးဆန်းလို့လဲ!!"

"Oh No!!!.. Hyung မေ့နေပြီလား.. အဲ့နေ့က သူ့ကိုအလုပ်ထုတ်ပစ်ခဲ့တယ်ဆိုတာ!! ကျနော့်ကို ကယ်ခဲ့တဲ့ နှစ်ကြိမ်လုံးက ကျနော့် ရဲ့ bodyguard အနေနဲ့မဟုတ်ခဲ့ဘူး!!!...သူမသိချင်ယောင်ဆောင်လိုက်လို့ရတယ်.. ဒီအတိုင်းဂရုမစိုက်ပဲ ကျော်သွားလို့ရတယ်!!! ဒါပေမယ့်သူမလုပ်ခဲ့ဘူး!!.... သူကျနော့်အစားအမြဲဝင်ခံပြီးကာကွယ်ခဲ့တယ်... အဲ့လိုလူကို ဘာလို့လဲလို့ မေးသေးတယ်နော်!!!"

Jungkook jimin မျက်လုံးအားစေ့စေ့ကြည့်ကာ ပြောလိုက်သည်

"ဘာလို့အဲ့လောက်တောင် သူ့ဘက်က ကာကွယ်ပြောပေးနေရတာလဲ Jungkook!!!"

Guardian (Translation Fic) CompletedWhere stories live. Discover now