1

3.5K 173 24
                                    

INYH

'တောက်! Kyoong ဒီဓာတ်ပုံတွေက ဘာတွေလဲ?'

ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်နဲ့ ဖက်ပြီး ကားပေါ်ကဆင်းလာတဲ့ပုံတွေ နမ်းနေတဲ့ပုံတွေ အစရှိတဲ့ပုံတွေကို ရှေ့ကစာပွဲပေါ်ပစ်ချကာ ဒေါသထွက်လွန်းလို့ တရှူးရှူး တရှဲရှဲဖြစ်နေတဲ့ ကမ္ဘာထိပ်တန်းအချမ်းသားဆုံးသူဌေး Phoenix Group ရဲ့ CEO ပတ်ချန်ယောလ်။

ပတ်ချန်ယောလ်ကသာ တရှူးရှူးတရှဲရှဲဖြစ်နေပေမယ့် သူ့အမျိုးသား Kyoong ဆိုတဲ့ လူသားကတော့ တစ်ချက်ကလေးမှ ကြောက်လန့်ပုံမပေါ် ဆိုဖာပေါ် ပျင်းတိပျင်းရွဲထိုင်ကာ လက်ထဲမှ ကားသော့ကို လက်ညိုးမှာစွပ်ပြီး အလှည့်မပျက်

'မြင်တဲ့အတိုင်းပဲလေ အဲ့တာ ကျနော့်ရဲ့ ဘယ်နှယောက်မြောက်မှန်းမသိတဲ့ အသစ်စက်စက်ရည်းစားလေး'

'ဘာ! မင်း....'

'ဟုတ်တယ်လေ ကျနော်တို့က ချစ်လို့ လက်ထပ်ခဲ့တာမှ မဟုတ်ဘဲ မာမီတို့ ပေးစားလို့ လက်ထပ်ခဲ့တာ ပြီးတော့ ကျနော်တို့က အခုထိ လင်မယားအရာ မမြောက်ကြသေးဘူးလေ ခင်များလည်း ကျနော့်ကို ချစ်လို့မဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်ဗျာ ဘာတွေ ဒီလောက် ခင်များက ဒေါသထွက်နေတာလဲ? ကိုယ့်အကန့်နဲ့ကိုယ်ပေါ့'

'ဘာ! မင်း... ငါတို့က မိဘပေးစားလို့ ယူလိုက်ရတာပေမယ့် ငါ့သိက္ခာရှိသေးတယ်... မင်းဒီလို မိန်းမတွေ ထည်လဲတွဲနေတာ ငါ့သိက္ခာကျတယ် မင်းအဲ့လောက်ဖြစ်နေရင် ငါ့ကိုကွာရှင်းပေးလိုက်'

'အို ဘယ်လိုပြောလိုက်တာလဲ? ကွာရှင်းချင်တာပေါ့ မာမီတို့က မကွာရှင်းခိုင်းလို့ ကျနော့်စိတ်နဲ့ဆို ကျနော်ခင်များကို လက်ထပ်ခဲ့မှာ မဟုတ်ဘူး... ပြီးတော့'

ပြောရင်း Kyoong ဆိုတဲ့ လူသားက ချန်ယောလ်နားကို ကပ်သွားကာ

'ပြီးတော့ ခင်များက ကျနော့် type မဟုတ်ဘူးလေ'

ပြောပြီး Kyoong ဆိုတဲ့လူသားရဲ့ ခြေလှမ်းတွေဟာ အိမ်အပြင်သို့...

'ဒါ ဘယ်လဲ?'

'Club လေ.. ဒီည ပြန်မလာဘူးနော်'

လေတချွန်ချွန်နဲ့ ထွက်သွားတဲ့ Kyoong ဆိုတဲ့လူသားကို ကြည့်ကာ ချန်ယောလ် ဒေါသထွက်လွန်းလို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်

I'm Not Your Husband Where stories live. Discover now