5

1.2K 128 14
                                    

INYH

တစ်လခန့်ကြာပြီးနောက်...

'အဲ့တော့ ရှေ့နေကြီးပြောချင်တဲ့ သဘောက ချက်ချင်းကွာရှင်းလို့မရဘူးပေါ့'

ချန်ယောလ်က မေးတော့

'ဟုတ်ပါတယ် CEO.. လက်ထပ်တာက ချက်ချင်းရပေမယ့် ကွာရှင်းဖို့ကတော့ စောင့်ကြည့်ကာလ ဆိုတဲ့ အချိန်ကို ဖြတ်ပြီးမှ ကွာရှင်းလို့ရမှာပါ'

'အဲ့တော့ အဲ့စောင့်ကြည့်ကာလက ဘယ်နှရက်လဲ?'

'၆လ ပါ CEO'

'၃လလောက် မရဘူးလား?'

'အဲ့လို လုပ်လို့ မရပါဘူး CEO.. ၆လပြည့်လို့မှ CEO တို့ရဲ့ ကွာရှင်းချင်တဲ့ စိတ်က မပြောင်းဘူးဆို အဲ့ကျရင် ကွာရှင်းလို့ ရပါပြီ'

'အေးပေါ့ ဘယ်တတ်နိုင်မလဲ ၆လဆိုတော့လည်း ၆လပေါ့'

ပြောပြီး ချန်ယောလ်က မတ်တပ်ထရပ်လိုက်ပေမယ့် ကြောင်တောင်တောင် မျက်နှာလေးနဲ့ အခန်းပတ်ပတ်လည်ကို လိုက်ကြည့်နေတဲ့ Kyoong က သူနဲ့ဘာမှ မဆိုင်သလို...

'မင်း ဒီမှာ ကျန်ခဲ့မှာလား?'

ချန်ယောလ်မေးတော့မှ ဆက်ကနဲ မတ်တပ်ရပ်ကာ ချန်ယောလ်နောက်ကနေ တောက်တောက် တောက်တောက် နဲ့ ပါလာသည်။

———
ဘတ်ဟျွန်း သိရသလောက်ဆို သူအတိတ်မမေ့ခင်က အိမ်ထောင်ရှိတယ်တဲ့ အိမ်ထောင်ကအဆင်မပြေဘူး အကြောင်းအရင်းကတော့ သူက ဖောက်ပြန်တာတဲ့လေ

မာမီက အဲ့အကြောင်းတွေမပြောပေမယ့် ဆေးရုံက nurse တွေရဲ့ တီးတိုးပြောတာကိုတော့ ဘတ်ဟျွန်း ကြားနေရသည်

ပြီးတော့ ဟိုနေ့ကရောက်လာတဲ့လူက သူ့အမျိုးသား ပြီးတော့ အဲ့အမျိုးသားက သူနဲ့ကွာရှင်းချင်နေတာတဲ့..

အေးလေ.. သူလည်း ဖောက်ပြန်တဲ့သူနဲ့ ဘယ်ပေါင်းနိုင်ပါ့မလဲ?

ချစ်လို့ယူထားတာမဟုတ်ဘဲ မာမီတို့ပေးစားလို့ယူထားရတာတဲ့...

ဒါကြောင့် ဒီလူက ဘတ်ဟျွန်းကိုတွေ့တိုင်း ရှုတည်တည်ကြီးနေ နေတာကို..

အခုလည်း ဆေးရုံက ဆင်းဆင်းချင်း တရားရုံးကို တန်းခေါ်လာသည်

I'm Not Your Husband Tempat cerita menjadi hidup. Temukan sekarang