12

1.2K 127 14
                                    

INYH

စူပါမားကတ်ထဲ သူကြိုက်တဲ့ ပစ္စည်းတွေကို ရွေးယူနေတဲ့ Kyoong က အင်မတန်ချစ်ဖို့ကောင်းတဲ့ ကလေးလေးလို

သူနဲ့ကိုယ် ပထမဆုံး shopping ထွက်တာ ဖြစ်တာကြောင့် ကိုယ်ကစိတ်လှုပ်ရှားနေပေမယ့် သူကတော့ သူလိုအပ်တဲ့ ပစ္စည်းတွေကို လှုပ်စိလှုပ်စိနဲ့ရွေးနေတာ ကိုယ်ရှိတာတောင် သတိရတော့ပုံမပေါ်..

'ပြီးပြီ'

'ဟင်? ဒါပဲလား ဝယ်အုံးလေ'

စျေးခြင်းထဲ စတော်ဘယ်ရီနဲ့ ပတ်သတ်တဲ့ ရေချိုးပစ္စည်း ဘာညာကလွဲ ကျန်တာဘာမှမတွေ့လို့မေးလိုက်မိတော့ အကောင်ပေါက်ကလေးက ငေါ့နေတာလား ဆိုတဲ့ မျက်နှာပေးဖြင့် လူကိုစုံချည်ဆန်ချည်ကြည့်ပြီး

'ငေါ့နေတာလား? လိုအပ်တာပဲဝယ်မှာပေါ့ မလိုတာတွေ ဘာလို့ဝယ်ရမှာလဲ? သက်သက်အပိုကုန်အောင်..'

ပြောပြီး လှည့်ထွက်သွားတဲ့ Kyoong..

'မဟုတ်ဘူးလေ ကိုယ်က..'

'ခင်များ ချမ်းသာတာကို သိပါတယ်.. ဒါမှ လိုမှမလိုဘဲ ကျနော်အတွက်က ဒီလောက်ဆိုရပြီ.. ပြန်ရအောင် ကျနော်ဗိုက်ဆာပြီ'

ချန်ယောလ်မှာ Kyoong စကားကြောင့် အံ့ဩချိန်မရ ငွေမြန်မြန်ရှင်းပြီး ဗိုက်ဆာတယ်ဆိုပြီး အရှေ့က ကော့တော့ ကော့တော့နဲ့ထွက်သွားတဲ့ Kyoong နောက်ပြေးလိုက်တော့သည်

ကားနားရောက်တော့ မိန်းမတစ်ယောက်နဲ့ စကားပြောနေတဲ့ Kyoong..

သေချာကြည့်မှ စကားပြောနေတာမျိုးမဟုတ်ဘဲ ထိုမိန်းမက Kyoong ကို အတင်းစကားတွေလိုက်ပြောပြီး Kyoong ကတော့ ကြောက်နေပုံ..

ချန်ယောလ် Kyoong အနားကို ခပ်မြန်မြန်လျှောက်သွားမှ ထိုမိန်းမမျက်နှာကို သေချာမြင်လိုက်ရသည်

ထိုမိန်းမက ယွန်းမီယောင်း..

———
ဘတ်ဟျွန်းတစ်ယောက် ဗိုက်ဆာတာကြောင့် အိမ်ပြန်ချင်ဇောဖြင့် ငွေရှင်းနေတဲ့ ချန်ယောလ်ကို မစောင့်ဘဲ ကားပါကင်သို့ ရှေ့ကလျှောက်လာလိုက်သည်

ကားနားရောက်ခါနီး အရှေ့ကနေ ပိတ်ရပ်လိုက်တဲ့ အမျိုးသမီးတစ်ဦး

I'm Not Your Husband Where stories live. Discover now