9

1.2K 138 6
                                    

INYH

'အန်တီယန်း Kyoong ရော?'

'ခြံထဲမှာပါ'

'ကျနော် လိုက်သွားလိုက်ဦးမယ်'

'ဟုတ်ပါပြီကွယ်'

ချန်ယောလ်မှာ Kyoong ကို မတွေ့ရတာ မနေ့ညက စကားများကြကတည်းကပင်..

မနက်မိုးလင်းတော့လည်း မနက်စာကိုဆင်းမစား ကိုယ် ကုမ္ပဏီသွားတော့မှ အခန်းထဲက ထွက်လာတယ်တဲ့လေ

သဘောက ကိုယ့်ကိုယ်မတွေ့ချင်ဘူး စိတ်ကောက်နေပါတယ်ဆိုပြီး ဆန္ဒပြတဲ့ သဘောပေါ့...

ဒီကောင်လေးဟာ အခုနောက်ပိုင်း အင်မတန်မှချစ်ဖို့ကောင်းလာသည်

ခြံထဲရောက်တော့ Kyoong ရဲ့ အရိပ်အယောင်ပင် မတွေ့ရ..

'Kyoong!! Lee Kyoong!!'

'ကျစ် ဘယ်နားရောက်နေလဲ မသိဘူး..ရားးး!! Lee Kyoong ခေါ်နေတုန်း ပြန်ထူးနော်.. ကိုယ်စိတ်တိုပြီး ဆူမှ မငိုနဲ့ Kyoongie!!!'

ဘယ်လိုပဲပြောပြော ဘာသံမှ ပြန်မလာတာမို့ ချန်ယောလ်ရဲ့ စိတ်ပူမှုဟာ စိုးရိမ်ရေမှတ်သို့..

ချန်ယောလ်ချက်ချင်း ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကာ အိမ်ထဲက ဖုန်းကို လှမ်းခေါ်လိုက်သည်

'ဟယ်လို..'

'အန်တီယန်း'

'ဟုတ်ကဲ့ CEO'

'အိမ်က အလုပ်သမားတွေအကုန်လုံးကို လုပ်လက်စအလုပ်တွေအကုန်ရပ်ခိုင်းပြီး အိမ်ထဲက ချောင်ဂျိုချောင်ဂျားမကျန် တစ်ခြံလုံးမွှေနှောက်ပြီး Kyoong ကို ရှာခိုင်းလိုက်.. တစ်နေရာရာသွားပြီး ပြန်မလာတတ်တာလားမသိဘူး လုံခြံရေးတွေကိုလည်း CCTV ကနေ ရှာခိုင်းလိုက်... မြန်မြန်!!!'

'ဟုတ် ဟုတ်ကဲ့ CEO'

ချန်ယောလ်ရဲ့ ခိုင်းစေမှုကြောင့် အိမ်တော်ထိန်းယန်း အပါအဝင် အလုပ်သမားတွေအားလုံး ယောက်ယက်ခက်ကုန်တော့သည်

ချန်ယောလ်လည်း ဖုန်းချပြီးတာနဲ့ Kyoong ကို လိုက်ရှာတော့သည်

ဒီ Kyoongဟာ လူကို အင်မတန်စိတ်ပူရအောင်လုပ်သည်

ဆူရင်လည်း မကြိုက် သူက ဦးအောင်ငိုသည် မသိရင် ကိုယ်ကပဲ အပြစ်ရှာပြီး ဆူနေသလိုလို..

I'm Not Your Husband Tempat cerita menjadi hidup. Temukan sekarang