2

1.3K 140 10
                                    

INYH

'ကွာရှင်းလို့မဖြစ်ဘူး Kyoong.. မာမီ မင်းကို ဘာပြောထားလဲ?'

'ကျနော်သူနဲ့ဆက်မပေါင်းနိုင်တော့ဘူး မာမီ.. သူလည်း ကျနော့်ကို မချစ်သလို ကျနော်ကလည်း သူ့ကို စိတ်မဝင်စားဘူးလေ'

Kyoong ကပြောတော့ မာမီက သက်ပြင်းချကာ

'သူ့ကို ကွာရှင်းလို့ မဖြစ်ဘူး Kyoong.. သူ့စည်းစိမ်တွေက နည်းတာမဟုတ်ဘူး ပြီးတော့ မာမီတို့ တင်နေတဲ့အကြွေးတွေက သူဆပ်ပေးမှ ကြေမှာ မာမီတို့ ဘာသာဆို ဆယ်ဘဝဆပ်ရင်တောင် မကြေဘူး သားနားလည်လား?'

'ကျစ် အဲ့တာကြောင့် မာမီတို့ကို ကျနော်ပြောတာ အဲ့လောင်းကစားတွေ မလုပ်ပါနဲ့ဆို'

'မာမီ့ကိုပဲ အပြစ်မပြောနဲ့ Kyoong... မင်းရဲ့ အသုံးအဖြုန်းကြီးပုံကိုလည်း ထည့်စဉ်းစားအုံး'

'မသိဘူး မာမီရာ ကျနော် စိတ်ရှုပ်လာပြီ'

'ခနလေးပဲ တင်းခံနေ Kyoong.. မာမီ သူ့ကို အပြတ်ရှင်းဖို့ အစီအစဉ်ဆွဲပြီးတာနဲ့ သားစိတ်ကြိုက်ဖြစ်စေရမယ်'

သူ့မာမီ စကားအဆုံး Kyoong မျက်နှာမှာ အပြုံး တစ်ခုဖြစ်ထွန်းသွားသည်

'သိပ်မကြာစေနဲ့ မာမီ ကျနော် စောင့်ရတဲ့အလုပ်တွေ သိပ်မကြိုက်ဘူး'

'အိုခေ Baby'

———
'ဘတ်ဟျွန်းနီးရေ ဂန်ဝန်ဒိုဘက်ကို ပါဆယ်လေး သွားပို့ပေးပါအုံး ပြီးရင် အိမ်တစ်ခါတည်းပြန်လိုက်နော် ဆိုင်ကယ်ကတော့ မနက်ဖြန် အလုပ်လာမှပဲ ယူလာတော့'

'ဟုတ်ကဲ့ဟျောင်း ကျနော် သွားပို့လိုက်ပါမယ်'

ဘတ်ဟျွန်းတစ်ယောက် ဆိုင်ကယ်ဦးထုပ်ကိုယူကာ ပါဆယ်ပို့ဖို့ လုပ်တော့သည် ပြီးရင် အိမ်တစ်ခါတည်း တန်းပြန်ရမှာမို့ ဘတ်ဟျွန်းခြေလှမ်းတွေ ပိုလို့တောင် တက်ကြွနေသေးသည်

အိမ်မှာ မေမေမျှော်နေလောက်ရောပေါ့...

ည ၁၂နာရီလောက် ဖြစ်နေပြီမို့ လမ်းပေါ်မှာ လူတွေက ရှင်းသင့်သလောက်ရှင်းနေပြီ ဘတ်ဟျွန်း အခုသွားနေတဲ့ လမ်းက အဝေးပြေးလမ်းမပေါ်မှာမို့ မြို့ထဲက နေရာတွေထက် ပိုလို့ပင် လူရှင်းနေသည်

I'm Not Your Husband Où les histoires vivent. Découvrez maintenant