26

1K 117 2
                                    

INYH

ဘတ်ဟျွန်း ကမ်းခြေမှာနေ့လည်စာစားဖို့ အခင်းတွေခင်းနေတုန်း ဝင်လာတဲ့ message ကြောင့် တုန်ခါလာတဲ့ ဘတ်ဟျွန်းရဲ့ဖုန်းလေး...

"၂ရက် အချိန်ပေးမယ်.. ၂ရက်အတွင်း လာခဲ့.. မလာခဲ့ရင် နောင်တရမယ်.."

Message ကို ဖတ်ပြီးတဲ့နောက် ဘတ်ဟျွန်း မျက်ဝန်းအိမ်တွေက ဆောက်တည်ရာမရ..

'အချစ် ဘယ်သူ့ဆီက message လဲ?'

ချန်ယောလ်က ကားထဲကနေ ဆွဲခြင်းကြီးထုတ်ကာ သယ်လာတာကြောင့် ဘတ်ဟျွန်း ချက်ချင်း ဖုန်းကို ချကာ ချန်ယောလ်ကို ပြေးကူတော့သည်

'ကိုယ် သယ်နိုင်ပါတယ် အချစ်ရဲ့.. မေးနေတာ ဖြေအုံး.. ဘယ်သူ message ပို့တာလဲ?'

'အာ.. အဲ့တာ ကြက်ကြော်ဆိုင်က promotion ရှိတယ် ဆိုလို့... ဟုတ်တယ် အဲ့တာပဲ'

ကိုယ့်ဟာကိုယ်အဖြေတွေပြန်ပေးနေတဲ့ ဘတ်ဟျွန်းက တစ်ခုခုကို စိုးထိတ်နေသလို..

'အချစ် တစ်ခုခုဖြစ်နေလား?'

ချန်ယောလ်က မျက်မှောင်ကြုံ့ကာမေးတော့

'ဘာဖြစ်ရမှာလဲ? ဘာမှ မဖြစ်ဘူး.. ချန်း စိတ်ထင်လို့နေမှာပါ'

ဘတ်ဟျွန်းက ပြောတော့ ချန်ယောလ်က သက်ပြင်းဖွဖွချကာ..

'ကိုယ် စိတ်ထင်လို့ပဲ သတ်မှတ်လိုက်ပါမယ်.. ဒါပေမယ့် တစ်ခုခုဆို ကိုယ့်ကို ပြောရမယ်.. ကိုယ်က အချစ်ကို ကာကွယ်ပေးမယ် ဘယ်သူမှ လာမထိပါးရဲအောင်..'

'အင်းပါ ချန်းရဲ့.. ပြောမယ်နော်.. အခုတော့ နေ့လည်စာ စားရအောင် ဗိုက်ဆာနေပြီ'

ဘတ်ဟျွန်း အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်သည်.. မဟုတ်ရင် အတင်းလိုက်မေးနေတဲ့ ချန်းကြောင့် အကုန်ပေါ်တော့မည်။

ချန်း သာ သိသွားရင် Kyoong အစစ်မဟုတ်တဲ့ ကိုယ့်လို အတုအယောင်ကို နာကြည်းမုန်းတီးသွားမှာ..

———
နေ့လည်စာ စားပြီးတော့ နှစ်ယောက်သား ကမ်းခြေမှာ စက်ဘီးနင်းကြ.. ရေကူးကြ.. စွန်လွှတ်ကြနဲ့ အချိန်တွေကုန်မှန်းမသိကုန်သွားတာ ညနေတောင်စောင်းပြီ..

'အချစ် ကိုယ်တို့ မပြန်ခင် လမ်းလျှောက်ကြမလား?'

'အွန်း..'

I'm Not Your Husband حيث تعيش القصص. اكتشف الآن