32

1K 113 4
                                    

INYH

'သား.. သားငယ် ထပါအုံး'

ဘတ်ဟျွန်း အိပ်နေရင်းမှ လှုပ်နှိုးခြင်းခံရတာကြောင့် မျက်ခွံတွေလေးနေသော်ငြား အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။

'ဟင်?? ဒယ်ဒီ??'

'သားငယ်လေး.. ထ ဒယ်ဒီ သားကို ဒီကနေခေါ်ထုတ်သွားမယ်'

'ဗျ.....ဗျာ?'

'သားငယ်လေးကို သူတို့သားအမိရဲ့ အသုံးချခံ ထပ်မဖြစ်စေရဘူး'

ဘတ်ဟျွန်း ဘာမှနားမလည်သောကြောင့် လီဂျောင်ဟွန်း ကို ကြောင်ကြည့်နေမိသည်။

'သားဘာမှ နားမလည်ဘူးဆိုတာ သိတယ်.. ပြီးမှ ဒယ်ဒီက အားလုံးကို ပြောပြပေးမယ် အခုတော့ ဒီကအရင်ထွက်ရအောင်'

ပြောပြီး လီဂျောင်ဟွန်းက ကျောပေးကာ ဒူထောက်ပေးလိုက်သည်။

'သားကို ထိုးပေးထားတဲ့ ဆေးတွေကြောင့် သားအားနည်းပြီး လမ်းကောင်းကောင်းလျှောက်နိုင်မှာ မဟုတ်ဘူး.. ဒယ်ဒီ့ကျောပေါ်တက်လိုက်'

ဘတ်ဟျွန်း ဘာမှ မပြောတော့ဘဲ လီဂျောင်ဟွန်း ကျောပေါ် တက်လိုက်သည်။

လီဂျောင်ဟွန်း ဘတ်ဟျွန်းကို ကုန်းပိုးပြီး အိမ်တံခါးကို အဖွင့်..

'ဟက် ထင်သားပဲ.. ရှင် ဒီလိုမျိုး သစ္စာဖောက်လိမ့်မယ်လို့'

တံခါးဖွင့်တာနဲ့ တံခါးရှေ့မှာ အစောင့်တွေနဲ့အတူ ရပ်နေတဲ့ ဟန်ဝူဘင်း..

'ဝူ.. ဝူဘင်းနား'

'Nurse  တွေက ရှင့် ဆေးရုံက မို့ အယုံသွင်းလို့ရပေမယ့် အစောင့်တွေက ကျမရဲ့လူတွေဆိုတာ ရှင်မေ့သွားတယ် ထင်တယ်'

ဟန်ဝူဘင်း က မဲ့ပြုံး ပြုံးကာ ပြောသည်။

'ဝူဘင်းနား ကိုယ်တို့ သားငယ်လေးကို လွှတ်ပေးလိုက်ရအောင်..'

'ဘာ!? ရှင်ရူးနေလား?.. သူ့ကို လွှတ်ပေးလိုက်ရင် သူက ပတ်ချန်ယောလ် ဆီပြန်သွားမှာ ပတ်ချန်ယောလ်ဆီ ပြန်သွားပြီး ပတ်ချန်ယောလ်ကို အကြောင်းစုံပြောပြလိုက်ရင် ရှင်ရော ကျမရော ကျမတို့သားရော အားလုံး ဒုက္ခရောက်ကုန်မှာ ရှင်သိလား!?'

I'm Not Your Husband Tempat cerita menjadi hidup. Temukan sekarang