Extra 5

1K 110 10
                                    

INYH

အခုဆို ဘတ်ဟျွန်းရဲ့ ဗိုက်ကလေးက ၅လထဲဝင်နေပြီမို့ လုံးလုံးစူစူလေးဖြစ်နေသည်။

ဗိုက်ခွဲပြီးမွေးရမှာပေမယ့် အားရှိအောင် ချန်ယောလ်က ကိုယ်ဝန်ဆောင် အားဆေးတွေရော အားရှိစေမယ့် အစားအစာတွေပါ ကျွေးတာမို့ ဗိုက်လုံးလုံးလေးအပြင် ကိုယ်လုံးလေးကပါ ဝကစ်ကစ်လေးဖြစ်နေတာမို့ ဘတ်ဟျွန်းက ဝက်ပေါက်စလေးလို..

ကိုယ်ဝန် စရှိ​ကတည်းက ချန်ယောလ်ရဲ့ ကိုယ်သင်းနံ့ကို ခြေချင်းတက်တာမို့ ချန်ယောလ်ရဲ့ အင်္ကျီတွေကိုသာ ယူဝတ်သည်။

ချန်ယောလ်အင်္ကျီတွေက ဘတ်ဟျွန်းနဲ့ဆို ကြီးနေတာမို့ ဘတ်ဟျွန်းခမျာ ချန်ယောလ် အင်္ကျီတွေထဲမြုပ်နေတာက အူယားစရာ..

'အချစ် ကိုယ်ရုံးသွားတော့မယ်နော်'

'အွန်း'

'မသွားမဖြစ်လို့သာ သွားရမှာ ကိုယ်က သွားချင်တာ မဟုတ်ဘူး'

'အွန်း'

ကိုယ်ကသာ သူ့အနားက မခွါချင်ဘူးပြောနေတာ သူက ကိုယ့်ကိုပင် ဂရုမစိုက် ကာတွန့်ကားကြည့်နေလိုက်တာ TV လောက်တောင် ကိုယ့်က attention မရ..

'အချစ် ကိုယ့်ကိုကြည့်..'

ပြောလည်းပြော လုံးတစ်တစ်ကိုယ်လုံးလေးကို ပခုံးကနေကိုင်ကာ နူးနူးညံ့ညံ့ဆွဲလှည့်လိုက်တော့ မျက်နှာကြီးက ဆူပုပ်လို့..

'ဟောလ်.. အဲ့တာ ဘာကိုကောက်နေတာလဲ ပတ်ဘတ်ဟျွန်းရှိ'

မေးတော့လည်း ပြန်မဖြေ နှုတ်ခမ်းကြီးဆူပြီး တစ်ဖက်ကို ပြန်လှည့်သွားသည်။

'အချစ်.. ကိုယ့်ကိုပြောလေ အချစ် ဘာကိုကောက်နေတာလဲ? ပြောပြမှ ကိုယ်က ချော့လို့ရမှာပေါ့ အလုပ်သွားခါနီ ကိုယ့်ကို စိတ်မဖြောင့်အောင်လုပ်...'

ချန်ယောလ်ပြောနေတုန်း ချန်ယောလ်ဘက်ကို လှည့်ကာ မျက်ထောင့်နီကြီးနဲ့ ကြည့်လာတဲ့ ဘတ်ဟျွန်း..

သဘောက သူဘာကို ကောက်နေတယ်ဆိုတာ ချန်ယောလ်ကမသိလို့ စိတ်ဆိုနေတယ် ဆိုတဲ့သဘော..

'တကယ် မသိဘူးလား?!'

ပြောလိုက်တဲ့ လေသံကအစ အေးစက်စက် မီးပွင့်မတက်ကြည့်နေတဲ့ အကြည့်တွေကြောင့် ဘတ်ဟျွန်းသာ နဂါးဆို ချန်ယောလ် ပြာဖြစ်နေလောက်ပြီ..

I'm Not Your Husband Where stories live. Discover now