Extra 7

1K 100 0
                                    

INYH

ခွဲခန်းရှေ့ ခေါက်တုတ်ခေါက်ပြန်လျှောက်နေတဲ့ ချန်ယောလ်...

ခွဲခန်းရှေ့ စိတ်လှုပ်ရှားစွာ စောင့်နေရတာ အခုတစ်ခါနဲ့ဆို ၂ခေါက်တိတိရှိပြီ ဖြစ်ပေမယ့် အခုကမတူ စိတ်လှုပ်ရှားခြင်းနဲ့အတူ ရင်ခုန်ခြင်းတွေပါ ရောပြွန်းနေသည်။

၁နာရီကျော်လောက်ကြာတော့ ခွဲခန်းတံခါးပွင့်လာသည်။

'ပတ်ဘတ်ဟျွန်းရှိ ရဲ့ လူနာရှင်??'

ခွဲစိတ်ခန်း ဝတ်စုံဝတ်ထားတဲ့ ဆရာဝန်က အော်လိုက်တာမို့ ချန်ယောလ် လက်ထောင်ပြလိုက်သည်။

'လူကြီးရော ကလေးတွေရော ကျန်းမာပါတယ်'

'က.. ကလေးတွေ?'

ပုံမှန်ဆို ကိုယ်ဝန် ၅လလောက်ဖြစ်ရင် သားသားလေးလား မီးမီးလေးလား သိကြပေမယ့် ဘတ်ဟျွန်းနဲ့ ချန်ယောလ်ကတော့ မွေးမှသာ ရင်ခုန်မည် ဟု တိုင်ပင်ကာ ultrasound မရိုက်ခဲ့..

ချန်ယောလ်က နားမလည်စွာမေးတော့ ဆရာဝန်က ရယ်ပြုံးပြုံးဖြင့်

'ဟုတ်ပါတယ် ပတ်ချန်ယောလ်ရှိ.. ပတ်ဘတ်ဟျွန်းရှိ က အမွှာလေး မွေးတာပါ ၂မိနစ်ကွာတဲ့ ယောကျာ်းလေး နှစ်ယောက်ပါ'

ဆရာဝန်ပြောလိုက်တော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။

ဒါဟာ ဝမ်းနည်းလို့ မဟုတ်.. ဝမ်းသာ မျက်ရည်တွေပင်

ဒါဟာ ချန်ယောလ်နဲ့ ဘတ်ဟျွန်းတို့ရဲ့ သွေးသားကနေ ဖြစ်တည်လာတဲ့ ရတနာတွေပင်..

ချန်ယောလ်က ပြုံးကာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျနေတာမို့..

'ခင်ပွန်းသည်က စိတ်လှုပ်ရှားနေတာပဲ.. မကြာခင် လူကြီးကို သီးသန့်ခန်းထဲ ရွှေ့ပေးပြီး.. ကလေးတွေကိုတော့ သက်သက်အခန်းဆီ ၁ပတ်လောက် ခေါ်ထားရပါမယ်.. နို့တိုက်ချိန်ပဲ တွေ့လို့ရပါတယ်'

ဆရာဝန်ပြောပြီး ထွက်သွားဖို့အလုပ်..

'ကျေးဇူးတင်ပါတယ် ဒေါက်တာ'

ပြောလိုက်တဲ့ ချန်ယောလ်က အခုထိ စိတ်လှုပ်ရှားနေတုန်း..

'ရပါတယ်.. ကျနော်တို့က ဆရာဝန်ပဲ.. လူနာက စိတ်ဓာတ်ကြံ့ခိုင်လို့ ကလေးရော လူကြီးရော ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်နိုင်တာပါ.. နာရီဝက်နေရင် တွေ့လို့ရပါပြီ'

I'm Not Your Husband Donde viven las historias. Descúbrelo ahora