3

1.2K 133 7
                                    

INYH

Flashback start...

'သူဌေး သူဌေး'

'ဘာကိတ်စလဲ? အတွင်းရေးမှူးဂင်'

'ဟို ဟို သခင်လေး ကားတိုက်မှု ဖြစ်လို့ပါ'

'ဘာ!!!'

'ပြီးတော့ သခင်လေး သခင်လေး'

'ဘာဖြစ်လဲ? အတွင်းရေးမှူးဂင် မြန်မြန်ပြော'

'သခင်လေး အခြေအနေက စိုးရိမ်ရတယ် သူဌေး'

'ဘယ်ဆေးရုံလဲ?'

'သူဌေး အမျိုးသားရဲ့ ဆေးရုံမှာပါ'

'ကို ကရော?'

'သခင်လေးကို ခွဲစိတ်နေပါတယ်'

'မြန်မြန်သွားရအောင်'

———
ဆေးရုံတွင်..

'ကို သား အခြေအနေ ဘယ်လိုနေလဲဟင်?'

'.....'

'ကို ပြန်ဖြေအုံးလို့ သား? kyoong ရော?'

'မိန်းမ ကိုယ်တို့သား ကိုယ်တို့ရဲ့သား ဆုံးပြီ'

'ရှင်?'

ဟန်ဝူဘင်း ခြေထောက်ပင် မခိုင်တော့ ခွေကနဲလဲကျသွားကာ ကြမ်းပြင်မှာပင် ငုတ်တုတ်ဖြစ်သွားရသည်

'မဖြစ်နိုင်တာ Kyoong က ကျမတို့ကို ထားခဲ့တယ်တဲ့လား?'

'စိတ်ထိန်းပါအုံး မိန်းမရယ်.... ဖြစ်ချိန်တန်လို့ဖြစ်သွားရတာပဲဟာ'

'ကျမ ကျမကို Kyoong ကိုပြန်ခေါ်ပေး... သားကို ပြန်ခေါ်ပေး လို့!!!'

ဆေးရုံ ခွဲခန်းရှေ့မှာ အော်ဟစ်နေတဲ့ ဟန်ဝူဘင်း က စိတ်လွတ်နေတဲ့ အရူးတစ်ယောက်လို

'ထူးဆန်းတာ တစ်ခုရှိတယ် မိန်းမ'

လီဂျောင်ဟွန်း စကားကြောင့် ဟန်ဝူဘင်း ခေါင်းမော့ကာ ကြည့်လိုက်သည်

'ယာဉ်တိုက်မှုဖြစ်တဲ့ တစ်ဖက်က ဆိုင်ကယ်မောင်းတဲ့သူက ကိုယ်တို့သားနဲ့ တစ်ရုပ်တည်းပဲ ခွဲမရအောင်တူနေတာ'

လီဂျောင်ဟွန်း စကားကြောင့် ဟန်ဝူဘင် မျက်လုံးတွေ အံ့ဩသယောင်

'မဖြစ်နိုင်တာ?'

'ဟုတ်တယ် မိန်းမ... အစက ကိုယ်လည်း မယုံခဲ့ဘူး ဒါပေမယ့် နှုတ်ခမ်းပေါ်က မှဲ့ကအစ တူနေတယ် ကိုယ်တို့သားနဲ့ တစ်ပုံစံတည်းပဲ'

I'm Not Your Husband Tempat cerita menjadi hidup. Temukan sekarang