Extra 4

1K 107 4
                                    

INYH

'ဝေါ့..'

နေ့လည်စာ စားဖို့ စားပွဲမှာ ထိုင်တာနဲ့ အသားဟင်းနံ့ကြောင့် ရင်ထဲပျို့တက်လာကာ ဘေစင်ကို သွားပြီး တဝေါ့ဝေါ့နဲ့ အန်နေတဲ့ ချန်ယောလ်

'ချန်း.. အဆင်ပြေရဲ့လား? အဲ့လိုတွေ ဖြစ်နေတာ ၃ရက်လောက်ရှိပြီ ဒီနေ့တော့ ဆေးခန်းသွားပြရအောင်လေ နော်..'

'ရပါတယ် အချစ်ရယ် အစာမကြေတာ နေမှာပါ.. ဆေးသောက်လိုက်ရင် ရပါတယ်'

'မရပါဘူး.. ဒီလိုဖြစ်နေတာ တစ်ရက်တည်းမှ မဟုတ်တာ.. နေ့တိုင်းနီးပါးဖြစ်နေတာ.. တော်ကြာ အူအတက်ပေါက်တာတွေ အူယောင်တာတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ?'

'မဖြစ်ဘူး အခုပဲ ဆေးရုံသွားပြီး စစ်ဆေးရအောင်'

ပြောလည်းပြော လက်ကလည်း ချန်ယောလ်ကို ဆွဲကာ ဆေးရုံသွားဖို့ လုပ်တော့သည်။

'နေ.. နေပါအုံး အချစ်ရယ်.. အဝတ်တွေတော့ လဲပါရစေ'

'ပြီးရော'

'အချစ်လည်း လဲလေ.. ဘောင်းဘီတိုနဲ့ ဆေးရုံသွားမလို့လား? မရဘူးနော် ဘောင်းဘီရှည်နဲ့ hoodie ခပ်ပွပွလေး ဝတ်ရမယ်.. ကိုယ် ကိုယ်တိုင် ဝတ်ပေးမှာ'

'ချန်း!! ဘာတွေ ပြောနေတာလဲ.. အန်တီယန်းတို့ ရှိတယ်လေ'

'ဘာဖြစ်လဲ? သူတို့ကမကြားဘူး မယုံရင်မေးကြည့်'

ပြုံးစစနဲ့ ပြောလာတဲ့ ပတ်ချန်ယောလ်က ဗိုက်ခေါက်ကို ဆွဲလိမ်ပစ်ချင်စရာ..

———
'ခန့်မှန်းခြေအရဆို ကိုယ်ဝန်ရှိတာပါပဲ'

'ဗျာ!!'

ဆရာဝန်ရဲ့ စကားကြောင့် အသံနက်ကြီးနဲ့ ထအော်ပြီး လန့်သွားတာကတော့ ချန်ယောလ်ပင်..

'ကျ.. ကျနော်က ကိုယ်.. ကိုယ်ဝန်.. ဟားးး မဖြစ်နိုင်တာ ဒေါက်တာ လာနောက်နေတာလား?'

'ကျနော် မနောက်ပါဘူး CEO ပတ်.. CEO ပတ် ဖြစ်နေတာတွေက ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်စရှိတဲ့ အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေပါ'

'ကျ.. ကျနော်က ရှိရမှာ မဟုတ်ဘူးလေ.. ကျ ကျနော့် အမျိုးသားက ရှိရမှာလေ'

I'm Not Your Husband Donde viven las historias. Descúbrelo ahora