8

1.2K 132 5
                                    

INYH

ဘာ? ကျမသား ကျမရဲ့သားလေး ဆုံးပြီ?'

ရပ်ကွက်လူကြီးရဲ့ ပြောစကားကြောင့် ဗြောင်နာယောင်း မြေပေါ်ခွေကျသွားသည်

'မဖြစ်နိုင်ဘူး သားက.. သားက ကျမကို ဘယ်လောက်တောင် ချစ်လိုက်လဲ? ကျမသားလေးက ကျမကို ထားသွားမှာ မဟုတ်ဘူး ကျမကို မနောက်ပါနဲ့'

'ငါတို့လည်း အစက မယုံခဲ့ဘူး နာယောင်း.. သူ့အလုပ် လုပ်တဲ့ဆိုင်ပိုင်ရှင်ရဲ့ ပြောစကားအရရော အဲ့နေ့က ဖြစ်ခဲ့တဲ့ accident ရော.. ပြီးတော့ သူစီးသွားတဲ့ ဆိုင်ကယ်လေးရော အကုန်လုံးက နင့်သား ဘတ်ဟျွန်းဆိုတာ သေချာနေတယ်'

'မဟုတ်ဘူး.. မနောက်ကြပါနဲ့ ကျမသားလေးကို ပြန်ခေါ်ပေးကြပါ.. ကျမ ကျမသား..'

'နာယောင်း!!!'

'ဗြောင်နာယောင်း!!!'

'အန်တီလေး!!!'

ပြောနေရင်း အသက်ရှူမဝဟန်ဖြင့် လဲကျသွားတဲ့ ဗြောင်နာယောင်းကို ဒိုဘင်း အပါအဝင် ရပ်ကွက်လူကြီးတွေ အချိန်မှီ ပြေးဆွဲသော်လည်း ဗြောင်နာယောင်းဟာ အသက်မရှိတော့...

နောက်ဆုံးတော့ သူသိပ်ချစ်တဲ့သားလေး ဆုံးပြီဆိုတဲ့ စိတ်နဲ့ သူပါ သူ့သားလေးနောက်ကို လိုက်သွားခဲ့ပြီ..'

———
'တီ!!'

'ဟာ.. ချန်ယောလ်ပြန်လာပြီ'

ကားဟွန်းသံအဆုံး အိမ်ထဲကပြေးထွက်လာတဲ့ ဘတ်ဟျွန်းကိုကြည့်ပြီး ချန်ယောလ်တစ်ယောက် ကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြုံးမိသည်

'ချန်ယောလ် စတော်ဘယ်ရီသီး ပါလား?'

ကားတံခါးကို ပြေးဖွင့်ပေးကာ ခရီးဦးကြိုပြုနေတဲ့ ကောင်လေးက Lee Kyoong မှ ဟုတ်ပါစ

'ပါပါတယ်ကွာ.. အခု ကိုယ့်ကိုထွက်ကြိုတာ မဟုတ်ဘဲ စတော်ဘယ်ရီသီးကို ထွက်ယူတာပေါ့ ဟုတ်လား?'

ချန်ယောလ်မျက်မှောင်ကြုံ့ကာမေးလိုက်တော့ ပြန်ဖြေတဲ့အဖြေကြောင့် ချန်ယောလ်မှာ အူယားရပြန်သည်

ဘတ်ဟျွန်းပြန်ဖြေလိုက်သည်က

'စတော်ဘယ်ရီသီးဝယ်လာတဲ့ ကျနော့်ယောကျာ်း ပင်ပန်းမှာစိုးလို့ စတော်ဘယ်ရီသီးတွေ လာကူသယ်ပေးတာ' တဲ့လေ

I'm Not Your Husband Where stories live. Discover now