22

1.1K 116 2
                                    

INYH

ချန်ယောလ် အိပ်ခန်းထဲဝင်လာတော့ အခန်းထဲ ဘယ်သူမှရှိမနေ

ကျိန်းသေပေါက် စိတ်ဆိုးပြီး ဘေးအခန်းမှာ သွားအိပ်နေမှာပင်..

ချန်ယောလ် အခန်းထဲ မဝင်တော့ဘဲ အသဲအသက်ကို ချော့ဖို့ ဘေးအခန်းထဲကိုသွားလိုက်တော့သည်

ချန်ယောလ်အခန်းထဲကို ဝင်လာတော့ အခန်းမီးတွေဖွင့်မထားဘဲ အသဲအသက်လေးက ညအိပ်မီး မှိန်မှိန်လေးသာဖွင့်ထားသည်

ချန်ယောလ်ဘက်ကို ကျောပေးထားတာကြောင့် ချန်ယောလ်ဝင်လာတာကို သိမည်မဟုတ်

သေချာကြည့်မှ ကျောပေးထားတဲ့ ကိုယ်လုံးလေးက အနည်းငယ် တုန်နေသလို..

ချန်ယောလ် စိုးရိမ်စိတ်တို့နဲ့အတူ ကုတင်ဘေးဝင်ထိုင်တော့ အိပ်ပျော်နေတဲ့ကောင်လေးက မအိပ်ခင် အရမ်းငိုထားလို့ထင်

မျက်ခမ်းစပ်လေးတွေမှာ မျက်ရည်ဥလေးတွေ တွဲခိုပြီး နှာခေါင်းလုံးလုံးလေးက ရဲတွတ်ကာ တစ်ချက်တစ်ချက် ရှိုက်သံလေးထွက်နေတုန်း

ကိုယ်က သူပင်ပန်းမှာ သူအန္တရာယ်ဖြစ်မှာစိုးလို့ ပြောတာကို အဓိပ္ပာယ်ကောက်လွဲသွားတဲ့ကောင်လေးက ဘယ်လောက်တောင် ဝမ်းနည်းသွားမလဲ ချန်ယောလ်မစဉ်းစားဘဲတောင် သိသည်

ဘယ်သူကရော ကိုယ်ချစ်တဲ့သူနဲ့ရတဲ့ သွေးသားကို မလိုချင်ဘဲနေပါ့မလဲ?

ဘတ်ဟျွန်းက ယောကျာ်းလေးဖြစ်နေလို့ မိန်းကလေးတွေထက် ကိုယ်ဝန်ဆောင်တဲ့နေရာမှာ အန္တရာယ်ဖြစ်မှာက တစ်ကြောင်း အခုလိုရှုပ်ထွေးနေတဲ့အချိန်မှာ ကလေးယူဖို့ မဖြစ်နိုင်သေးတာကြောင့် ချန်ယောလ်ငြင်းလိုက်မိတာပင်

အခုတော့ ချစ်ရသူလေးက အဓိပ္ပာယ်ကောက်လွဲကာ အရမ်းဝမ်းနည်းသွားတာ မြင်ရတော့ ချန်ယောလ်ရင်ထဲ ဆစ်ကနဲ

ချန်ယောလ်လက်တွေက ဘတ်ဟျွန်းရဲ့ မျက်နှာနုနုဆီအရောက် ဆက်ကနဲ ဖွင့်လာတဲ့ မျက်လုံးအစ်အစ်လေးတွေ..

ချန်ယောလ်ကိုတွေ့လို့ထင် အိပ်နေရာက အတင်းထကာ အခန်းအပြင်ကို ထွက်ဖို့ပြင်နေတဲ့ အသဲအသက်ကလေးကို ချန်ယောလ်ရင်ခွင်ထဲပွေ့ဖက်လိုက်ကာ

I'm Not Your Husband Donde viven las historias. Descúbrelo ahora