Ep (1) U & Z

1.1K 48 0
                                    

Unicode

နတ်‌‌ဆိုး၏ကြင်ယာတော်~~1

မြူတွေအုံ့မှိုင်းပြီး မှောင်မဲနေသောနန်းတော်ကြီးတစ်ခု~~
မကောင်းဆိုးဝါးများနှင့်နတ်ဆိုးများသာနေသောတိုင်းပြည်ကြီး...။
ထိုတိုင်းပြည်ကြီးတွင် အုပ်စိုးနေသော နတ်ဆိုးတို့၏အရှင်သခင်  ဝမ်ကျားအော်..

"အရှင်..."

နန်းတော်၏အမြင့်ဆုံးတွင်ထိုင်နေသော နတ်‌ဆိုးဘုရင်၏ အနီရောင်မျက်လုံးများ ပွင့်လာခဲ့ပြီး

"ပြော!"

အေးစက်မာ‌ကြောလှသောစကားတစ်ခွန်းထွက်ပေါ်လာသည်။

"အရှင်....နတ်ဆိုးနိုင်ငံတော်ကို တိုက်ခိုက်ချင်နေသော နိုင်ငံငယ်များပေါ်ပေါက်လာပါတယ်အရှင်၊နန်းတော်၏အပြင်ဘက်မှာလည်း နတ်ဆိုးတို့၏အရှင်သခင် သေဆုံးသွားပြီဆိုသော သတင်းများထွက်ပေါ်နေပါတယ်"

"အဟင်း..ငါအုပ်ချုပ်တဲ့နတ်ဆိုးနိုင်ငံတော်ကို လာတိုက်ခိုက်ရဲတဲ့ နိုင်ငံတွေရဲ့သတ္တိကမနည်းဘူးပဲ။အပြင်းပြေတာပေါ့ ! ပြင်ဆင်စရာရှ်ိတာပြင်ဆင်ထားလိုက် ! ယွမ်ယွီ"

"ဟုတ်ကဲ့ပါအရှင်"

ယွမ်ယွီ ဆိုသော ကောင်လေးသည် နတ်ဆိုးဆိုး၏အရှင်သခင်ကို တင်ပြစရာရှိတာ တင်ပြပြီးသည်နှင့် နတ်ဆိုးသခင်ရှိသောအခန်းထဲကနေ တချိုးထဲထွက်ပြေးသွားလေသည်။

ကောင်းကင်ဘုံနှင့်နတ်‌ဆိုးနိူင်ငံတို့၏ကြီးမားသောစစ်ပွဲကြီးအပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် နတ်ဆိုးဘုရင်‌ မပေါ်ပေါက်လာသောကြောင့် နတ်ဆိုးဘုရင် သေပြီဟူသော သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

အင်အားကြီးမားလွန်းပြီး သွေးအေးရက်စက်လှသည့်နတ်ဆိုးဘုရင်သည် အဘယ်ကြောင့် ပုန်းကွယ်နေရသနည်း။ထိုအရာကိုတော့ နတ်ဆိုးဘုရင်မှတပါး ဘယ်သူမှမသိ.....

ကောင်းကင်ဘုံနှင့်နတ်ဆိုးနိုင်ငံတို့ ဘာကြောင့် ဤမျှကြီးမားလှသော စစ်ပွဲကြီးတစ်ခုဖြစ်သွားရသလဲ?

အချစ် !

စကားနှစ်လုံးတည်းနှင့် စကားလုံးနှစ်လုံးရှိသောအရာကိုဖြစ်ပေါ်စေသည်
သိပ်ကိုကြောက်ဖို့ကောင်းလွန်းလှသည်။

နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)Where stories live. Discover now