Ep(14) U&Z

255 20 0
                                    

Unicode

နတ်‌ဆိုး၏ကြင်ယာတော်14

ရှောင်းကျန့် ကောင်းကင်ညီလာခံပြီး၍ ရှောင်းကျန့်ပိုင်ဆိုင်ရာ ဥယျာဉ်ငယ်လေးထဲတွင် အနားယူနေသည်။ထိုဥယျာဉ်ထဲတွင် ရှောင်းကျန့်၏ခွင့်ပြုချက်မရပဲ မည်သူမျှဝင်၍မရပေ။
ဝင်ရောက်ခဲ့သူသည် သေခြင်းတရားနှင့်သာကြုံရမည်ဖြစ်သည်။

ရှောင်းကျန့် အနားယူနေသော်လည်း သူ၏အတွေးထဲတွင် ရိပေါ်သာစိုးမိုးနေသည်။
ထိုကလေးကို ရှောင်းကျန့်သိပ်ကိုစိတ်ပူပါသည်။
ဒါပေမယ့်

ရှောင်းကျန့် အဲ့ကလေးကိုချစ်ကြောင်းဘယ်တော့မှထုတ်ပြမှမဟုတ်ဘူး။

အဲ့ကလေးက ထိရှလွယ်တာရှောင်းကျန့်သိတာပေါ့။တစ်ခုခုဆို တစ်ယောင်ထဲကြိတ်ခံစားနေတက်တယ်။သူက ဘယ်သူ့ကိုမှရင်ဖွင့်မှာမဟုတ်ဘူး။အရမ်းလည်းဟန်ဆောင်ကောင်းတယ်။ဝမ်းနည်းနေရင်တောင် ထုတ်ပြမှာမဟုတ်ဘူး...။

အဓိကကတော့ ရှောင်းကျန့်ရှေ့မှာပေါ့။သူ သိပ်ကိုဝမ်းနည်းနေတာရှောင်းကျန့်သိပေမယ့် ရှောင်းကျန့်ကိုယ်တိုင်လည်းမတက်နိုင်ခဲ့ဘူး။ခုချိန် ခံစားရတာတွေအတွက် ဗွေမယူပါနဲ့ရိပေါ်ရယ် နောင်တစ်ချိန်မင်းဒီ့ထက်ပိုပြီး မခံစားရအောင် ရက်စက်နေရတာပါ။
ငါ ငါတောင်းပန်ပါတယ်။
မင်းနဲ့ ထပ်တူပဲ ငါလည်း နာကျင်ရပါတယ်။

မင်းနဲ့မလျော့‌သော နာကျင်မှုနဲ့ နာကျင်ရတာပါ။
ချစ်လျက်နဲ့မင်းကိုပြောရတဲ့ ရင့်ရင့်သီးသီးစကားတွေက ငါ့နှလုံးသားအကွဲခံပြီးမှ ထွက်လာတဲ့စကားတွေပါ။

လူနှစ်ယောက် သိပ်ချစ်ကြပေမဲ့
အခြေအနေအမျိုးမျိူးအရရှေ့ဆက်ဖို့မဖြစ်နိုင်တဲ့အခါ
စွန့်လွှတ်ပေးနိုင်ခြင်းဟာ အဆုံးစွန်ချစ်ပေးလိုက်ခြင်းပါ။
တကယ်တမ်းချစ်မိသွားတဲ့အခါကြတော့
ကိုယ့်ချစ်ရတဲ့လူကို ဘယ်နာကျင်မှုမှမရှိစေချင်တော့ဘူး။

ရှောင်းကျန့် တွေးနေရင်း မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာသည်။

"ကျန့်ကော~~"

"ဟင်!"

ရှောင်းကျန့် အထိတ်ထိတ်အလန့်လန့်ဖြင့် လဲအိပ်နေရာမှ ဆတ်က‌နဲ့ ထထိုင်လိုက်သည်။

နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)Where stories live. Discover now