Unicode
နတ်ဆိုး၏ကြင်ယာတော်~~11
ရှောင်းကျန့် ရိပေါ်ဆီကနေပြန်လာပြီး ငြိမ်သက်ခြင်းနန်းဆောင်မှာပဲနေသည်။အပြင်လုံးဝမထွက်ပေ။
"လုယန်!"
"လီလီ"
လုယန် သူ၏နန်းဆောင်၌ စာပေဖတ်ရှုနေစဉ် ရှောင်းကျန့် မားလီလီရောက်လာသည်။
"လုယန်! ကျန့်ကျန့်ကိုသွားကြည့်ပေးပါလားဟယ်"
"ကျန့်ကျန့်ကဘာဖြစ်လို့လဲ"
"သူ ငြိမ်သက်ခြင်းနန်းဆောင်ထဲကနေ အပြင်ကိုမထွက်တာ ၃ရက်လောက်ရှိပြီ။"
"သူစွမ်းအင်တွေလေ့ကျင့်နေတာဖြစ်မှာပေါ့။"
"မဟုတ်ဘူး။ငါ့သားအကြောင်း ငါသိတယ်။သူဘာဖြစ်နေတာလဲတော့မသိပေမယ့် စွမ်းအင်ကျင့်နေတာလုံးဝမဟုတ်ဘူး"
"အရမ်းစိတ်ပူမနေပါနဲ့ ငါသွားကြည့်ပေးပါ့မယ်။"
"ကျေးဇူးပါဟယ်။"
လီလီ သားဇောဖြင့် မျက်ရည်တွေဝဲပြီး လုယန်ကိုကျေးဇူးတင်လိုက်သည်။
"ငါသွားတော့မယ်နော်၊ကျန့်ကျန့်ကိုသွားကြည့်ပေးပါအုန်း"
"အင်းပါ၊စိတ်ချ။"
လီလီ နန်းဆောင်ထဲကထွက်သွားတာနှင့် လုယန် ရောင်းကျန့်ဆီသွားရန်ပြင်လိုက်သည်။
"ကျန့်ကျန့်..."
ရိပေါ်ဆီမှပြန်လာသည့်အချိန်မှစ၍ ရှောင်းကျန့်အပြင်သို့မထွက်ဖြစ်ပေ။
ရင်တွေတကယ်ကိုနာရပါသည်။
မဖြစ်နိုင်တော့သည့် ချစ်ခြင်းမို့ ခွင့်လွှတ်ပါ
ရိပေါ်
မင်းကိုလုံးဝမနာကျင်စေချင်လို့ပါကွာ...ပြောပြခွင့်များရှိမယ်ဆိုရင် ပြောပြချင်ပါသေးတယ်။
မင်းကို ဒီနှစ်တွေမှာ ဘယ်လောက်ထိတောင် သတိရခဲ့ကြောင်းနဲ့ မင်းကိုဘယ်လောက်ချစ်ကြောင်းတွေကို ပေါ့။လူသားတွေက နတ်ဘုရားတွေဆီမှာဆုတောင်းရင် ဆုတောင်းပြည့်ကြတယ်။ကိုယ်လည်း ဆုတောင်းပြည့်ချင်တယ်။ဘယ်မှာသွားဆုတောင်းရမလဲ~~
ဆုတောင်းလို့သာ ပြည့်မယ်ဆိုရင်
မင်းနဲ့ထာဝရလက်တွဲသွားချင်တယ်
ဝမ်ငယ်...
YOU ARE READING
နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)