Unicode
နတ်ဆိုး၏ကြင်ယာတော်~~4
မိစ္ဆာများသောင်းကျန်းနေသောကြောင့် စူးရွာသားများသည် နေ့လည်ဘက်၌လည်း အိမ်ထဲမှာသာနေကြသည်။ရွာထဲရောက်တော့ ရွာသားများသည် ရိပေါ်တို့ကို အထူးအဆန်းအနေဖြင့်ထွက်ကြည့်ကြသည်။ထူးဆန်းလည်းထူးဆန်းချင်စရာပင်။
ရိပေါ်သည်တစ်ကိုယ်လုံးအမည်းရောင်ကိုဝတ်ဆင်ထားပြီး ရှောင်းကျန့်သည် တစ်ကိုယ်လုံးအဖြူရောင်ကိုသာဝတ်ဆင်ထားသည်။
ရှောင်းကျန့်ကိုကျင့်ကြံသူဟုပြောလို့ရသော်လည်း ရိပေါ်ကိုတော့ပြောမရပေ။"ဒီက သခင်လေးတို့က....ဘယ်သူတွေများပါလိမ့်"
အားလုံးဝိုင်းကြည့်နေရာမှ ရွာသားလေးတစ်ယောက်က အရဲစွန့်၍ထပြောသည်။
"ကျွန်တော်တို့နှစ်ယောက်က ကျင့်ကြံသူတွေပါ။
ဒီရွာမှာ မိစ္ဆာတွေသောင်းကျန်းနေတယ်ကြားလို့"ရှောင်းကျန့်က ထ၍ပြောလိုက်သည်။
"ဟုတ်ပါတယ် သခင်လေးတို့ရယ်။ကူညီပါအုန်းဗျာ..."
"စိတ်မပူပါနဲ့ ကျွန်တော်တို့နှစ်ယောက်ကူညီပါ့မယ်။"
"ကျေးဇူးပါသခင်လေးတို့ရယ် လာပါ လာပါ။အခုမှရောက်တာဆိုတော့ပင်ပန်းနေရောပေါ့....နားလိုက်ပါအုန်း"
ထိုရွာသားလေးသည် ရိပေါ်နှင့်ရှောင်းကျန့်ကို ရွာအစွန်နားမှာရှိသော လွတ်နေတဲ့အိမ်တစ်လုံးကိုခေါ်သွားသည်။
"သခင်လေးတို့ အနားယူလိုက်ပါအုန်းဗျ၊ခနနေရင် စားစရာတွေလာပို့ပေးပါ့မယ်"
"ကျေးဇူးပါဗျ"
"မလိုပါဘူးဗျာ...မိစ္ဆာတွေကိုနှိမ်နင်းပေးတာနဲ့တင်ကျေနပ်နေပါပြီ"
ထိုရွာသားလေးထွက်သွားမှ ရှောင်းကျန့် ရိပေါ်ဘက်ကိုလှည့်လာသည်။
"ရိပေါ်...ဘာစားမလဲ?
ရိပေါ်...ရေချိုးမလား...
ရိပေါ် ရိပေါ်..."ရိပေါ် ရွာသားလေးထွက်သွားလို့ ရွာအနီးတစ်ဝိုက်က မိစ္ဆာများ၏အငွေ့အသက်နှင့်စေခိုင်းသူကိုအာရုံခံနေသည်။ထိုစဉ် ရိပေါ်ဘေးနားမှ မရပ်မနားစကားပြောနေသော နတ်တစ်ယောက်ရှိသည်။
YOU ARE READING
နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)