Ep(16) U&Z

253 18 0
                                    

Unicode

နတ်ဆိုး၏ကြင်ယာတော် 16

"ဒယ်ဒီ ကျွန်တော့်ကို အတိတ်ကအကြောင်းတွေမပြောပြဘူးဆိုရင် နတ်ဆိုးတိုင်းပြည်ကိုဖျက်စီးပစ်ဖို့ဝန်မလေးဘူး!"

"ဝမ်ရိပေါ်! မင်းဘာလုပ်တာလဲ! ခုရပ်လိုက်စမ်း!"

"ရပ်စေချင်ရင် ပြောပြလိုက်!"

"တောက်!"

ဝမ်ကျားအော် ဘာလို့ဘာကိုင်ရမှန်းကိုမသိ‌ဖြစ်နေသည်။

"ဒါမင်းအုပ်ချုပ်နေတဲ့တိုင်းပြည်နော်
ရိပေါ်!!!"

"ပြောပြ!"

"ဟာ...တောက်!!"

ရိပေါ် ဘယ်လိုတောင်ခေါင်းကြောမာရတာလဲ!
ဒီကောင်လေး၊

"ဟုတ်ပြီ ဟုတ်ပြီ၊ငါပြောပြမယ်!
ရပ်လိုက် ခုရပ်လိုက်တော့!"

ထိုအခါမှ နတ်ဆိုးတိုင်းပြည်ပြန်လည် ငြိမ်သက်သွားသည်။

"ရိပေါ် မင်းဒါဘာလုပ်တာလဲ"

ရိပေါ်သည် သူ့လက်ထဲမှ စိမ်းပြာရောင်အငွေ့အသက်တစ်ချို့ကို တိုင်းပြည်အကာအကွယ်ပေါ်သို့ထပ်၍အုပ်လိုက်တာကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"ဘာမှစိတ်မပူပဲ ပြောပြတော့!"

"ငါ့ကိုအချိန်နည်းနည်းပေး ရိပေါ်"

"ဒယ်ဒီ"

"‌မနက်ဖြန် မနက်ဖြန်သေချာပေါက်ပြောပြမှာမို့ အခုသွားနားလိုက်ပါတော့"

"ဒါဆို မနက်ဖြန်မှထပ်လာခဲ့ပါတော့မယ်။"

ရိပေါ်သည် ဝမ်ကျားအော်ကိုအရိုသေပေး‌ပြီး ထိုနေရာမှထွက်လာခဲ့သည်။

ရိပေါ်ထွက်သွားမှ ဝမ်ကျားအော် ထိုနေရာ၌ထိုင်ချလိုက်သည်။
ရိပေါ် ရိပေါ်သာအရာအားလုံးအမှန်တိုင်းသိသွားရင် ဘာတွေပြောင်းလဲသွားမှာလဲ!
မနက်ဖြန်ကို ဝမ်ကျားအော်မခန့်မှန်းတက်တော့!

================

သုံးလောကအရှင်ရှိရာနေမှ ကောင်းကင်အရှင်ရှောင်းကျန့်ထွက်သွားပြီးမကြာခင်မှာပင် လျှိုချင်ရောက်လာသည်။

"သုံးလောကအရှင်ကို ဂါဝရပြုပါသည်။"

သုံးလောကအရှင် ခေါင်းညိမ့်ပြလိုက်ပြီး လျှိုချင်ကိုမေးခွန်းထုတ်လိုက်သည်။

နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)Where stories live. Discover now