Ep(2) U& Z

551 33 0
                                    

Unicode

နတ်‌ဆိုး၏ကြင်ယာတော်~~2

"ဒယ်ဒီ၊ကျွန်တော် အပြင်ခနသွားလိုက်အုန်းမယ်"

"ဂရုစိုက်!"

"ဟုတ်"

နတ်ဆိုးဘုရင် ဝမ်ကျားအော်သည် တစ်ဦးတည်းသောသားလေး ဝမ်ရိပေါ်ကိုတုန်နေအောင်ချစ်သောလည်း ထုတ်မပြ။ရိပေါ်ကို အချစ်၌မပျော်မွေ့စေချင်။အချစ်သည် ဘယ်လောက်တောင်များကြောက်ဖို့ကောင်းလဲဆိုတာ ကျားအော်အသိဆုံးမို့.....။

ရိပေါ် ဒယ်ဒီဆီမှခွင့်တောင်းပြီးသည်နှင့် ရိပေါ်၏အစွမ်းဖြင့် ကိုယ်ဖျောက်လိုက်ပြီး တောအုပ်ထဲသို့တိုးဝင်ပျောက်ကွယ်သွားသည်။

တောအုပ်ထဲရောက်တော့ အစွမ်းမသုံးတော့ပဲ လမ်းလျှောက်နေသည်။ပါးပါးကိုတွေ့ဖူးချင်တယ်။တစ်ခါလောက်ပါပဲ~~
တစ်ခါလောက်ပဲ တွေ့ပြီး "ပါးပါး" လို့ခေါ်ဖူးချင်တယ်။ရိပေါ်လမ်းလျှောက်နေရင်း  အလင်းရောင်တွေထွန်းလင်းနေသော တံခါးပေါက်ကြီးတစ်ချပ်ပွင့်လာသည်။ထိုတံခါးပေါက်ကြီးထဲက လူနှစ်ယောက်ထွက်လာသည်။ထိုလူနှစ်‌ေယာက်ထဲမှ  တစ်ယောက်သည်သည် ရိပေါ်ထက်အသက်ကြီးပုံရပေမယ့် တော်တော်ပင်နုသည်။နှုတ်ခမ်းအောက်မှာ မှည့်နက်လေးတစ်လုံးရှိပြီး ရိပေါ်ကိုပြုံးပြနေသည်။

ဒုတ်~~
ဟော....ရိပေါ် နှလုံးက ဘာဖြစ်တာလဲ?

ရိပေါ် ထိုမှည့်နက်လေးဖြင့်လူကိုဆက်မကြည့်တော့ပဲ ခေါင်းငုံထားလိုက်သည်။ဆက်ကြည့်နေရင် ရိပေါ်၏နှလုံး အပြင်ဘက်သို့ခုန်ထွက်လာမှာတောင် ကြောက်ရသည်။

"ဘယ်သူလဲ?"

ရှောင်းကျန့် သူ့ရှေ့မှာ သူ့ကိုခနပဲကြည့်ပြီး ခေါင်းငုံနေတဲ့ကောင်လေးကိုမေးလိုက်သည်။ထိုကောင်လေးသည် ရှောင်းကျန့်ထက် ငယ်မယ်ထင်ရသော်လည်း အရပ်ကအရှည်ကြီးပင်....။

"ဗျာ..."

"မင်းကဘယ်သူလဲ ဒီကိုဘာလာလုပ်တာလဲ"

ရိပေါ် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ နတ်ဆိုးနိုငိငံနှင့်ကောင်းကင်နန်းတော်ကြား အနီးစပ်ဆုံးက ကောင်းကင်နယ်နိမိတ်နားသို့ရောက်လာပြီဖြစ်သည်။

နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)Where stories live. Discover now