Unicode
နတ်ဆိုး၏ကြင်ယာတော်...8
"ကျန့်ကျန့် ပြောတဲ့တစ်ယောက်က
မိန်းကလေးမဟုတ်ဘူး ဦးလု""ဘာ!"
"ဟို..ကျန့်ကျန့် ပြောတာကလေ သူက....
သူက ယောင်္ကျားလေးတစ်ယောက်ပါဦးလု""ကျန့်ကျန့်!"
"ဟင့် ဦးလု ကျန့်ကျန့် ကျန့်ကျန့်လေ ဘယ်လိုလုပ်ရမလဲဟင်၊ဦးလုစိတ်ဆိုးသွားပြီလား
ကျန့်ကျန့်လေ"လုယန် စိတ်အရမ်းကိုလှုပ်ရှားသွားပေမယ့် အတည်ငြိမ်ဆုံးထားကာ ကျန့်ကျန့်ကိုမေးလိုက်သည်။သူ(လုယန်)တို့သာ ဒီလိုအဖြစ်ပျက်မျိုးဖြစ်လိမ့်မယ်။ကျန့်ကျန့်တော့ ဖြစ်လို့မရဘူးလေ။
ခနတာ သာယာမှုပဲဖြစ်ပါစေကလေးရယ်။"ဘယ်သူလဲ ကျန့်ကျန့်..အဲ့ကောင်လေးကဘယ်သူလဲ"
"ဟို ဟို....."
"ကျန့်ကျန့်! ဦးလုကိုယုံတယ်မလား"
"ကျန့်ကျန့်ကို စဉ်းစားဖို့အချိန်ပေးပါနော်"
"ရပါတယ် ကျန့်ကျန့်၊သွားနားတော့လေ"
"ဦးလု ကျန့်ကျန့်ကိုစိတ်မဆိုးဘူးမလားဟင်"
"မဆိုးပါဘူး ကျန့်ကျန့်ရယ်။
အချစ်က အချစ်ပဲလေ ကလေးရယ်။""ဟီးဟီး ဟုတ်ဦးလု၊ကျန့်ကျန့် သွားနားလိုက်အုန်းမယ်။"
လုယန် အပြုံးလေးတစ်ခုဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
လုယန်လို အတွေးမျိုး သုံးလောကအရှင်မှာရှိခဲ့ရင် လုယန်တို့လည်း ခွဲရမှာမဟုတ်ဘူး ကျန့်ကျန့်ရယ်။
ကလေးတို့အချစ်တွေမှန်ကန်ပါစေကွယ်။
အချစ်သာစစ်မှန်ခဲ့ရင် စစ်မှန်တဲ့အချစ်က ကလေးတို့ဘာလုပ်ရမယ်ဆိုတာကို လမ်းပြပေးပါလိမ့်မယ်။
________"ကောင်းကင်အရှင် ကျွန်တော်ရောက်ပါပြီ"
"ကိုယ်တော်တို့ တစ်နေရာသွားမလား"
ရှောင်းကျန့်နှင့် ကောင်းကင်အရှင်တို့ ကောင်းကင်နန်းတော်၏တစ်နေရာသို့ အတူထွက်လာခဲ့သည်။ထိုနေရာသည် ကောင်းကင်အရှင်ပိုင်ဆိုင်သောနေရာတစ်ခု၊ကောင်းကင်အရှင်မှ လွဲ၍ ကောင်းကင်အရှင်၏ခွင့်ပြုချက်မရပဲမည်သူမှဝင်၍မရ။
YOU ARE READING
နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)