Ep(6) U&Z

312 31 2
                                    

Unicode

နတ်‌ဆိုး၏ကြင်ယာတော်....6

"ကျန့်ကော.."

"အွန်း..."

"ကျွန်တော်တို့က မိစ္ဆာတွေမကုန်သ၍မပြန်ရသေးဘူးလား"

ရိပေါ်တို့မိစ္ဆာတွေရှင်းသည့်နေ့က ကုန်ပြီထင်ပေမယ့် နောက်နေ့တွေတိုင်း မိစ္ဆာများကိုပြန်ပြန်တွေ့ရသည်။ဘယ်လောက်ရှင်းရှင်း ပြန်ရောက်လာသည်။

"အင်းပေါ့၊မင်းကပြန်ချင်နေပြီလား"

"ကျွန်တော့်ရဲ့နောက်ဆုံးစွမ်းအင်ကျင့်ရအုန်းမယ်။အဲ့တာကြောင့်ပါ။"

"မင်းရဲ့နောက်ဆုံးစွမ်းအင်က ဘာလဲ?"

"ချီရုလေ"

"ချီရု!"

"အင်း"

ရှောင်းကျန့်အံ့ဩသွားပေမယ့် ပြန်ထိန်းလိုက်သည်။

"ပေါ်တိ!ချီရုစွမ်းအင် အတိမ်အနက်ကိုသိလား"

"အင်း...."

ရှောင်းကျန့်ခေါင်းတညိမ့်ညိမ့်ဖြင့်ထောက်ခံလိုက်သည်။

စွမ်းအင်ပိုင်ရှင်ပဲ သိမှာပေါ့။

"ပေါ်တိ!"

‌ရိပေါ်သည် ‌စာအုပ်ဖတ်နေရာမှ မော့ကြည့်လိုကိသည်။

ရှောင်းကျန့်ခေါ်ပြီး အတန်ကြာအထိရိပေါ်ကိုငေးကြည့်နေမိသည်။

ရိပေါ် မျက်တောင်တဖျက်ခတ်လိုက်တိုင်း ရှောင်းကျန့်ရင်တစ်ခါခုန်သည်။လေပြေညှင်းကဖြတ်တိုက်သွားသောကြောင့်
ရိပေါ်၏ဆံပင်လေးများကလေထဲဝဲခနဲ~~~~

နှာခေါင်းလုံးလုံးလေးနှင့်ဆေးအကူမလိုပဲစိုရဲနေသော နှုတ်ခမ်းသားလေးက ရှောင်းကျန့်ကိုအကြည့်မလွဲနိုင်ဖြစ်စေသည်။

"ကျန့်ကော! ကျန့်ကော"

ရိပေါ်ကိုခေါ်ပြီး မျက်တောင်တစ်ချက်မှမခတ်ပဲ ထိုင်ကြည့်နေသော ထိုနတ်သားသည် ကျောက်ရုပ်အလား။

"ကျန့်ကော!!"

"အာ..အင်း ပေါ်တိ"

"ကျန့်ကော ခေါ်ပြီးဘာမှမပြောပဲ ထိုင်ကြည့်နေတယ်!"

နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)Where stories live. Discover now