Unicode
နတ်ဆိုး၏ကြင်ယာတော် ~~10
နှစ်အနည်းငယ်ကြာသောအခါ...
"ချီရုစွမ်းအင်ပိုင်ရှင်ပေါ်ပေါက်လာပြီ"
"ဘယ်သူတဲ့လဲ"
"နတ်ဆိုးဘုရင်လို့ကြားတယ်။"
"ဟမ်... နတ်ဆိုးဘုရင်!"
ရှောင်းကျန့် ကောင်းကင်နန်းတော်၌လမ်းလျှောက်နေရင်း နတ်သားနှစ်ယောက် ပြောနေသောစကားများကို သဲ့သဲ့ကြားလိုက်ရသည်။
"နတ်ဆိုးဘုရင်!"
ရှောင်းကျန့်သံယောင်လိုက်ကာပြောမိသည်။
"ချီရုစွမ်းအင်ပိုင်ရှင်! ရိပေါ်များလား!"
ရိပေါ်နှင့်မတွေ့ရတာ နှစ်ပေါင်းမနည်းတော့ပေ။
သူရိပေါ်ကို ထူးထူးခြားခြားကို လွမ်းမိပါသည်။
လွမ်းတိုင်းအချစ်လို့မဆိုချင်ပေမယ့် ရင်ထဲကနင့်နေအောင်လွမ်းနေရင်ဝောာ့ ပြောလို့ရပြီမလား။
ဒါပေမယ့် ရိပေါ်နဲ့ သူက.....ရှောင်းကျန့် အတွေးယဉ်ကြောထဲနစ်မြောနေတုန်း
"ကောင်းကင်အရှင်"
"ပြောပါ"
"ချီရု ချီရုစွမ်းအင်ပိုင်ရှင်ပေါ်ပေါက်လာပါပြီ!"
"အင်း၊ကိုယ်တော် ကြားမိပါတယ်။"
"သုံးလောကအရှင်ကအခေါ်တော်လွှတ်လိုက်ပါတယ် ကောင်းကင်အရှင်"
"ကိုယ်တော်လာခဲ့ပါ့မယ်။"
"ဟုတ်ကဲ့ အရှင်"
နတ်တပ်မှုးလေးတစ်ယောက်သည် ရှောင်းကျန့်ကိုသတင်းလာပေးပြီးတာနှင့် နန်းတော်ထဲမှာထွက်သွားသည်။
ရှောင်းကျန့်ကို ကောင်းကင်အရှင် အရိုက်အရာလွဲခဲ့တာ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကပင်။အရင်ကောင်းကင်အရှင် နတ်သတ်ကြွေသွားပြီး မကြာမီပင် ရှောင်းကျန့်အရိုက်အရာဆက်ခံခဲ့ရသည်။
ကောင်းကင်နန်းတော်တွက်ကျန်ခဲ့သောလူသားအား အရင်ကောင်းကင်အရှင်၏ဆန္ဒအရ သုံးလောကအရှင်သည် ပြန်လည်မွေးဖွားခွင့်ပြုလိုက်သည်။
သူတို့နှစ်ယောက်၏ချစ်ခြင်းသည် ဘေးကင်း၊ငြိမ်းချမ်းရာသို့ရောက်ရှိသွားချေပြီ။
YOU ARE READING
နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)