Ep(15) U&Z

254 19 3
                                    

Unicode

နတ်‌ဆိုး၏ကြင်ယာတော် 15

ရိပေါ် တစ်ခါမှမပြောခဲ့ဖူးသောစကားအရှည်ကြီးကို ကျန့်ကောကိုပြောခဲ့ပြီးနောက် နတ်‌ဆိုးတိုင်းပြည်ကိုပြန်လာခဲ့သည်။နတ်ဆိုးတို့၏အရှင်သခင်ဖြစ်သည့်အလျောက် နတ်ဆိုးတိုင်းပြည်ကို စောင့်ရှောက်ရအုန်းပေမည်။

အချစ်က အချစ်
တာဝန် က တာဝန်ပါပဲ ခွဲခြားထားဖို့လိုတာပေါ့။

"အရှင်!"

"အင်း"

"အရှင် စုံစမ်းခိုင်းထားတဲ့ကိစ္စ"

"ပြောပါ အကိုယွမ်ယွီ"

"နတ်မျိုးစပ်ဝင် လျှိုချင်က နတ်သူငယ်မျိုးနွယ်နဲ့ထပ်ပြီးတိတ်တဆိတ်တွေ့ဆုံကြပါတယ်အရှင်"

"ဘယ်တုန်းကလဲ"

"မကြာသေးပါဘူး ပြီးတော့..."

"ဆက်ပြောပါ အကိုယွမ်ယွီ! ကျွန်တော်က နတ်ဆိုးတို့၏အရှင်သခင်ဖြစ်တာကြောင့် နတ်ဆိုးတိုင်းပြည်ကို ကျွန်တော်ကာကွယ်ရမယ်။"

"ဟုတ်ကဲ့အရှင်! နတ်သူငယ်မျိုးနွယ်နဲ့နတ်မျိုးစပ်ဝင်မျိုးနွယ်တို့က ကောင်းကင်နန်းတော်နဲ့နတ်ဆိုးတိုင်းပြည်ကို စစ်ဖြစ်ဖို့ဆန္ဒရှိကြပါတယ်။"

"ဘာ!! စစ်"
ရိပေါ်၏မျက်လုံးများသည် အနီရောင်အဖြစ်ချက်ချင်းပြောင်းလဲသွားသည်။

"ဟုတ်ကဲ့ပါအရှင်.....အတိတ်ကဖြစ်ရပ်လိုမျိုး"

"အတိတ်!!"

"ဟုတ်ကဲ့အရှင်,အရှင် မသိဘူးလားဗျ"

ရိပေါ် ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေလိုက်သည်။တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းပဲမလား။
ယွမ်ယွီကဆက်ပြောသည်။

"ကျွန်တော်တစ်ခုလောက်အကြံပေးချင်ပါတယ်အရှင်......အတိတ်ကအကြောင်းကို အရင်အရှင့်ကိုမေးကြည့်ပါလား"

"အကိုယွမ်ယွီသိတယ်မလား! ပြောပြပါ"

"ကျွန်တော်ပြောပြတာထက် ကာယကံရှင်တွေကိုမေးတာက ပိုပြီးတိတိကျကျသိရပါတယ်အရှင်"

ရိပေါ် ခေါင်းညိမ့်ပြလိုက်သည်။
ယွမ်ယွီသည် ရိပေါ်ကိုနှုတ်ဆက်ပြီး နတ်ဆိုးနန်းဆောင်မှ ထွက်သွားသည်။

နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)Where stories live. Discover now