Unicode
နတ်ဆိုး၏ကြင်ယာတော် 13
"ဝမ်ရိပေါ်!"
ဝမ်ရိပေါ် နတ်ဆိုးနန်းတော်၌ခြေချရုံရှိသေး ဒယ်ဒီ၏ခေါ်သံကြားလိုက်ရသည်။
"ဗျာ..."
"မင်းဘာလုပ်မှာလဲ"
"ကျွန်တော်ဘာလုပ်ရမှာလဲ"
ရိပေါ် ဝမ်ကျားအော်၏အမေးကို အမေးဖြင့်သာပြန်ဖြေလိုက်သည်။
"မင်း ကောင်းကင်နန်းတော်က အရှင်သခင်ဆီခနခန သွားနေတယ်ကြားတယ် မင်းတို့ကဘာတွေလဲ!"
"ဒယ်ဒီ့ကိုဘယ်သူပြောတာလဲ"
ရိပေါ် ဒယ်ဒီထိုင်နေသောနေရာ၏ ညာဘက်နေရာကို လှမ်းကြည့်လိုက်သည်။
ဦးလေးလျှိုချင်..ရိပေါ်နှင့်ဘယ်တုန်းကမှမတည့်သောသူတစ်ယောက်၊ဘာအကြောင်းကြောင့်လည်းမသိပေမယ့် ရိပေါ် သူ့ကိုလုံးဝကိုကြည့်မရပေ။ဦးလေးလျှိုချင်သည် သိုးရေခြုံထားသော ဝံပုလွေလိုပင်.။။ဒယ်ဒီ့ရှေ့ရောက်လျှင် တူလေး သားလေးနှင့် ဒယ်ဒီ့ကွယ်ရာဆိုလျှင် ရိပေါ်တို့ တိုက်ခိုက်ကြသည်။
ရိပေါ် လျှိုချင်ကို စိုက်ကြည့်နေသည်ကို ကျားအော်တွေ့သောအခါ
"ဝမ်ရိပေါ်! ငါကသူများပြောမှသိရမယ့် လူလား!
မင်းရဲ့အဖေဆိုတာမမေ့နဲ့!""ဟုတ်ကဲ့!"
လျှိုချင်ကို အကြည့်မလွဲပဲ ပြန်ဖြေလိုက်သည်။
"ပြီးတော့!"
ဝမ်ကျားအော် စကားဆက်ပြောတာကြောင့် ရိပေါ် ကျားအော်ကိုလှမ်းကြည့်လိုက်သည်။
"မင်း! နတ်ဆိုးတိုင်းပြည်ကို ဘယ်လိုထိန်းသိမ်းနေတာလဲ!"
"ဗျာ.."
"အခုနတ်ဆိုးတိုင်းပြည်မှာ ဘာတွေဖြစ်နေလဲ မင်းသိလား"
ရိပေါ်တွေဝေသွားသည်။
ရိပေါ်မသိပါ။"မင်းမသိဘူးမလား! ဘယ်သိမလဲ ဘာမဟုတ်တဲ့ကောင်နောက်လိုက်နေတာကို"
"ဒယ်ဒီ!! သူ့ကို ကျွန်တော်သာပြောချင်ပြောမယ်!
ဒယ်ဒီတို့ပြောစရာမလိုဘူး! သူက ဒယ်ဒီတို့ အကောင်လို့ခေါ်ရမယ့် အတန်းစားမဟုတ်ဘူး!"
YOU ARE READING
နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)