Ep(19) U&Z

655 40 20
                                    

Unicode
နတ်ဆိုး၏ကြင်ယာတော် 19

အမြတ်တနိုးနှစ်ခြိုက်တဲ့
ကိုယ့်လိုလူတစ်ယောက်ကို
ချစ်ခြင်းတွေ ဖန်ဆင်း
လက်ချင်းဆက်ခွင့်ပေးလှည့်ပါ။
------------------------------

ကောင်းကင်နန်းတော်တွင် ကောင်းကင်တပ်မှုးများ ပျားပန်းခက်သဖွယ် ရှုပ်ရှပ်ခတ်လျက်ရှိသည်။အကြောင်းကား...ကောင်းကင်တံခါးပေါက်တွင် နတ်ဆိုးဘုရင်ရောက်၍သောင်းကျန်းနေသောကြောင့်ဖြစ်သည်။

"နတ်ဆိုးအရှင်....ကောင်းကင်အရှင်က ညီလာခံတက်နေတာကြောင့် ‌‌ ခေတ္တစောင့်‌ဆိုင်းပေးပါ။"

"အခုခေါ်ပေး! "

"တောင်းပန်ပါတယ် နတ်ဆိုးအရှင်...အခုခေါ်လို့မရ‌တာကြောင့် ခေတ္တခနပဲ စောင့်ဆိုင်းပေးပါ။"

ကောင်းကင်တပ်မှုးလေးများ၏မျက်နှာသည် ပြိုတော့မည့်မိုးပမာ ညို့မှိုင်းနေသည်။

ကြီးမားကျယ်ပြန့်သောအခန်းကြီးတစ်ခုထဲတွင်
အရှိန်အဝါကြီးမားသော သူတစ်ယောက်သည် နတ်များအားလုံး၏အထက်တွင် တင့်တည်စွာတည်ရှိနေသည်။

"ကောင်းကင်အရှင်....."

"ပြောပါ။အသင်တို့ဘာများလျှောက်တင်စရာရှိပါသလဲ"

ကောင်းကင်အရှင်ထိုသို့ပြောလိုက်သည်နှင့် နတ်များကြားမှ နတ်သက်တမ်းကြာမြင့်လောက်ပြီဖြစ်သော နတ်တစ်ပါးထလာသည်။ထိုနတ်သည်
ကောင်းကင်အရှင်ကို ဂါရဝပြုလိုက်ပြီးသည်နှင့်

"ကျွန်ုပ်တို့အားလုံး စိုးရိမ်ပူပန်နေရတာက ချီရုစွမ်းအင်ပိုင်ရှင်ပါအရှင်၊ချီရုပိုင်ရှင်သည် နတ်ဆိုးတစ်ယောက်ဖြစ်တယ်လို့ ကြားမိကြောင်းပါအရှင်"

ရှောင်းကျန့် ထိုနတ်များမသိလေအောင် တိတ်တခိုးသက်ပြင်းချမိသည်။
နတ်ဆိုးတစ်ယောက်မဟုတ်ပဲ နတ်ဆိုးတိုင်းပြည်၏ဘုရင်ဖြစ်ကြောင်းပါသိရင် ထိုနတ်မင်းများဘယ်လိုနေပါ့မလိမ့်....

"ကိုယ်တော် ဘာများလုပ်ပေးရမှာပါလိမ့်"

"ထိုချီရုပိုင်ရှင်၏မွေးဖွားရာ...မဟုတ်မှ"

"ကောင်းကင်အရှင်!"

နတ်မင်းကြီး၏စကားသံသည် ဝင်လာသောကောင်းကင်တပ်မှုးလေး၏ခေါ်သံအောက်တွင်ပျောက်ဆုံးသွားသည်။

You've reached the end of published parts.

⏰ Last updated: Jan 13, 2022 ⏰

Add this story to your Library to get notified about new parts!

နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)Where stories live. Discover now