Ep(5) U&Z

362 21 0
                                    

Unicode

နတ်ဆိုး၏ကြင်ယာတော်.......5

[နောက်ကြောင်းပြန်တာပါနော်]

လွန်ခဲ့သောနှစ်ပေါင်း ၅၀လောက်က နတ်ဆိုးတိုင်းပြည်နှင့်ကောင်းကင်နန်းတော်တို့ကြား ကြီးမားသောစစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

‌စကားနှစ်လုံးကြောင့် စကားလုံးနှစ်လုံးကိုဖြစ်ပေါ်စေ သည်။
အချစ်‌ဆိုသောအရာကြောင့် စစ်ပွဲကိုဖြစ်ပေါ်စေသည်။

"လုယန် ကိုယ်...ကိုယ်မင်းကိုချစ်တယ်။"

"ကျားအော်....ငါတို့ကမဖြစ်နိုင်ဘူးလေ မင်းလည်းသိတယ်မလား။"

"ကိုယ် အဲ့တာတွေကို ဂရုမစိုက်ဘူး လုယန်၊
မင်းသာကိုယ့်ကိုချစ်ရင် အရာအားလုံးကိုစွန့်လွှတ်ရဲတယ်။မင်းရော..."

"ငါ ငါ.."

"စိတ်ထဲရှိတဲ့အတိုင်းဆုံးဖြတ်ပါလုယန်"

"ငါ ငါ ကျားအော်ကို ချစ်တယ်"

ထိုအချိန်မှစ၍ ကောင်းကင်နန်းတော်၏အရှင်သခင်နှင့်နတ်ဆိုးဘုရင်တို့ တိတ်တဆိတ် ရည်းစား‌ဖြစ်ခဲ့ကြသည်။
သူတို့နှစ်‌ယောက်ရယ်၊ကောင်လေးတစ်ယောက်သာသိသော ထိုချစ်ခြင်း....

ဘယ်သူသိမှာလဲ!
တစ်ဦးတည်းသော သူငယ်ချင်းက သူတို့ကိုသစ္စာဖောက်ခဲ့တယ်ဆိုတာ....

"လုယန် ကိုယ်မင်းကိုချစ်တယ်နော်"

"ငါလည်း ချစ်တယ်၊
ထာဝရအတွက် ချစ်တယ်။"

"ဘာပဲကြုံလာကြုံလာ ကိုယ့်လက်ကိုတွဲထားနော်!"

"ငါဆိုတဲ့ လုယန်က အဆုံးထိမင်းလက်ကိုတွဲထားမှာ ကျားအော်.."

လုယန်နှင့်ကျားအော်တို့ တစ်ယောက်ကိုတစ်ယောက်တင်းကျပ်စွာဖက်ထားကြသည်။ကြုံလာမည့် အနာဂတ်ကိုမေ့ထားရင်းပေါ့။

--

"သုံးလောကအရှင်ကို ဂါဝရပြုပါတယ်။"

သုံးလောကအရှင်သည် ခေါင်းညိမ့်ပြရုံသာတုံပြန်သည်။

"နတ်မျိုးစပ်ဝင် လျှိုချင်ပါ အရှင်~~
အကြောင်းကြားစရာရှိလို့ လာရောက်လျှောက်တင်ချင်းဖြစ်ပါတယ်"

နတ်ဆိုး၏ကြင်ယာတော်(ခေတ္တရပ်နား)Where stories live. Discover now