Part - 1

11.1K 320 7
                                    

ကော်ဖီထိုင်သောက်နေသော ကျွန်တော့်အနားသို့ အမေ ရောက်လာသည်။

" နင်မနက်ဖြန် မန္တလေး သွားရမယ်နော် "

အမေ့ရဲ့ရုတ်တရတ်စကားကြောင့် ကော်ဖီတောင် သီးချင်သလို ဖြစ်သွားသည်။ မန္တလေးမြို့ဆိုတာ ကျွန်တော်အချစ်ဆုံး အသွားချင်ဆုံး နေရာတစ်ခုမဟုတ်ပါလား။ အခုဒီမြို့လေးကို ကျွန်တော် သွားရတော့မယ်။ ကျွန်တော့်ရင်ထဲ ပြောမပြတတ်အောင် ပျော်သွားသည်။

" ဘာသွားလုပ်ရမှာလဲ အမေ "

ကျွန်တော့်စိတ်ကို အတတ်နိုင်ဆုံးထိန်းပြီး အမေ့ကို ခပ်တည်တည်ပဲ မေးလိုက်သည်။

" စောခြည်က စစ်ကိုင်းတောင်မှာ သီလရှင်သွားဝတ်တော့မယ်
သူ့အိမ်မှာကလည်း သူ့သမီး ဇာခြည် တစ်ယောက်တည်း "

ဇာခြည်
ဒီနာမည်ကို ကြားလိုက်တာနဲ့ နှလုံးသားတစ်စုံဟာ ယောက်ယက်ခတ်သွားသည်။ အမေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဟန်မပျက်အောင်ထိန်းရင်း အမေ့စကားကို နားထောင်နေခဲ့၏။ အမေက ဆက်ပြောသည်

" အဲ့ဒါ ဇာခြည် အဖော်ရအောင်လို့ "

" ဟုတ်ကဲ့ အမေ "

ကျွန်တော့်ရင်ထဲက ပျော်ရွှင်မှုက အခုဆို မနှိုင်းတတ်အောင်ပါပဲ။ ကျွန်တော်အရမ်းပျော်တယ် ကြည်နူးဝမ်းသာနေတယ်ဗျာ။

အမေနဲ့ကျွန်တော် စကားနည်းနည်းပါးပါး ဆက်ပြောပြီးတာနဲ့ မန္တလေးသွားဖို့အတွက် ပြင်ဆင်ရ​​လေသည်။

.............................................

မန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့သည်။ ကျွန်တော့်ရင်ခုန်သံကို ပြန်စမ်းလိုက်တော့ ရင်ခုန်သံက ပေါက်ထွက်မတတ် ခုန်နေသည်။ ကျွန်တော် ကျေနပ်စွာပြုံးရင်း အမရပူရမြို့ကို နှုတ်ဆက်လိုက်၏။

ချစ်သောသူလေး ရှိတဲ့ ချစ်တဲ့အမရပူရရေ
ငါတစ်ဖန် ပြန်ရောက်လာခဲ့ပြီ
ငါ့ကို မင်းကြိုဆိုနေသလား
ငါကတော့ ဒီမြို့လေးကို
တစ်ရက်တောင် မမေ့ခဲ့ပါဘူးကွာ
မင်းကိုငါ ချစ်တယ် အမရပူရ သူမကိုရောပဲ။

မမ ( Complete )Where stories live. Discover now