Part - 6

2.2K 145 2
                                    

အိပ်ရာက နိုးပြီး မျက်လုံးဖွင့်လိုက်တာနဲ့ ဖုန်းကနာရီကို ဖွင့်ကြည့်လိုက်သည်။

" ဟာ
တော်သေး ၆ နာရီပဲရှိသေးတယ် "

အိပ်ရာထဲ လူးလိမ့်ရင်း အပျင်းဆန့်လိုက်သေး၏။ အိမ်မှာဆို မနက် ၇ နာရီကျော်မှ ထပြီး အများအားဖြင့် အမေကြော်ပေးသော ထမင်းကြော်စားကာ အေးဆေးနှပ်နေခဲ့သည်။ အခုတော့........

စက်ဘီးလေးထုတ်ကာ အနီးအနားက မုန့်ဟင်းခါးဆိုင်သို့ သွားပြီး ၄ ပွဲစာဝယ်လာခဲ့သည်။ အိမ်ပြန်ရောက်ရင် ပြန်နွေးပြီး မမနိုးထချိန်မှာ အဆင်သင့်ဖြစ်နေရမည်။

အပြင်ကသာ အေးနေတာ ရင်ထဲမှာတော့ နွေးနေ၏။

.....................................................

မမနိုးလာတော့ ကျွန်တော်က ဧည့်ခန်းမှာ သတင်းစာထိုင်ဖတ်နေပြီ။

" Morning မမ နိုးလာပြီလား "

" ဟယ် ဘယ်အချိန်ကတည်းက နိုးနေတာလဲ ဒိတ် "

ဒိတ်ကို မုန့်ဟင်းခါးပြေးဝယ်ခိုင်းချင်ပေမယ့် အားနာတာကြောင့် ဘာမှမပြောပဲ ရေချိုးခန်းဘက် ဝင်ခဲ့သည်။
ပြီးမှ ကိုယ့်ဘာသာ ထွက်ဝယ်ပါတော့မည်လို့ တွေးလိုက်၏။

မမ မျက်နှာသစ် သွားတိုက်နေချိန် ကျွန်တော်က အားလုံးကို ပြင်ဆင်ထားလိုက်သည်။ မမအတွက် လုပ်ပေးရတာမို့ ချမ်းတာတွေ ပင်ပန်းတာတွေလည်း မမှုနိုင်။

" ဟင် ဒိတ် "

" အားလုံးပြီးပါပြီ မမ
ညကတည်းက မစားရသေးတာဆိုတော့ အတော်ဆာနေမယ် ထင်တယ် "

" ဒိတ် ကတော့လေ "

မမရဲ့ အပြုံးကတွေက အရင်ကနဲ့မတူ ပိုနွေးထွေးနေသည် ၊ ပိုကြည်လင်အေးမြနေသည် ၊ ပိုပြီး အသက်ဝင်နေသည်။
ကျွန်တော် ထင်သလို ဖြစ်နေပြီလား မမရယ်။

ဒီလိုနဲ့ တစ်နေ့တစ်နေ့ အချိန်တွေ ကုန်ဆုံးလာလိုက်တာ မမလည်း ကျူရှင်တွေ ပြီးလို့ အိမ်မှာ နားနေပြီ ကျွန်တော်လည်း မမရဲ့ ခြံလွတ်လေးထဲမှာ ခရမ်းသီး ဘူးသီး ချဉ်ပေါင် သီးနှံမျိုးစုံစိုက်ရင်း တစ်ဖက်က စီးပွားရှာနေခဲ့သည်။ မမရဲ့ ချစ်သူလည်း နောက်လဆို နိုင်ငံခြားမှာ အလုပ်သင်နဲ့ ၃ လသွားနေရတော့မည်တဲ့။

မမ ( Complete )Where stories live. Discover now