အိပ်ယာနိုးနိုးချင်း ဖုန်းဖွင့်လိုက်တော့ အဆက်မပြတ်ပို့ထားသော messenger မှစာများ။
" ဒိတ်
မင်းကို မမပြောစရာရှိတယ် ဇာခြည်ကိုလည်း ပြောထားတယ်
အားတဲ့ချိန် မမကို miss call ပေးပါ "ကျွန်တော်စိတ်ထဲ နည်းနည်းစိုးရိမ်သွားသည်။ ကျွန်တော်တို့နှစ်ယောက်ကို ပြတ်ခိုင်းတာမျိုး အနေအထိုင် ဆင်ခြင်ခိုင်းတာမျိုးဆို ဒုက္ခ။
အခန်းထဲက ထွက်လာတော့ မမက ကော်ဖီသောက်ရင်း တစ်ခုခုကို တွေးနေပုံရသည်။
" မမ "
" သြော် အင်း ဒိတ် "
ကျွန်တော်ခေါ်လိုက်မှ သတိဝင်လာပုံ
" မင်းမျက်နှာသစ်ပြီးရင် အမြန်လာခဲ့အုန်း "
" ဟုတ်ကဲ့ "
မမလည်း စိုးရိမ်နေပုံရသည်။
ငါတို့နှစ်ယောက်ကို ခွဲရင် ဘယ်လိုလုပ်ရမလဲ
တစ်ခုခုရွေးဆို မမက သူ့ပဲရွေးမှာ အသေချာ
ငါ ကျန်နေခဲ့တော့မှာလား
ငါ ကျန်နေခဲ့တော့မှာလားသန့်ရှင်းရေးကိုး ကမန်းကတန်းမြန်မြန်လုပ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ သိချင်စိတ်က စိုးရိမ်မှတ်ထက် ကျော်နေပြီ
မမအနား ဘေးချင်းကပ်ထိုင်ရင်း
" သူဘာပြောမလဲ မသိဘူးနော် "
" မင်းဆီလည်း စာပို့ထားတာလား ငါ့ပြပါအုန်း "
ကျွန်တော့်ဖုန်းကို ယူဖွင့်လိုက်တော့ wallpaper က မမပုံ။
မမ ကျေနပ်သလို တစ်ချက်ပြုံးရင်း" password ကဘာလဲ "
" မမမွေးနေ့ "
" ၇ လုံးတောင် ဖြစ်နေပြီ "
" 161994 "
စာကို ကြည့်ပြီး မမက ခေါင်းကုတ်နေသည်။
" miss call ပေးလိုက်တော့မယ်နော် "
" အင်း "
Messenger မှ miss call ပေးရင်း ခဏစောင့်နေလိုက်သည်။ သူချက်ချင်း အားမယ်မထင်။ သူ့ကိုစောင့်ရင်း ကျွန်တော့်အတွက် ကော်ဖီထဖျော်ကာ မမအတွက် ဒိန်ချဥ်တစ်ဗူး ယူလာပေးခဲ့သည်။
YOU ARE READING
မမ ( Complete )
Romanceမန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိုက်တော့ ရင်ခုန်သံက တစ်ဒုတ်ဒုတ်နဲ့။ ကျွန်တော် ကျေနပ်စွာပြုံးရင်း အမရပူရမြို့ကို နှုတ်ဆက်လိုက်တယ် ချစ်သောသူလေး ရှိတဲ့ ချစ်တဲ့အမရပူရရေ ငါတစ်ဖန်...