" ဒိတ်ကို ကြည့်ရတာ အသားမဲသွားသလိုပဲ မျက်နှာကလည်း မရွှင်မလန်းနဲ့ "
" အသားမဲတာက တစ်ချိန်လုံး ခြံထဲမှာချည်းပဲလေ ကျွန်တော်မစောင့်ရင်လည်း ရေလောင်းတဲ့သူတွေက အချိန်မမှန်ဘူးဗျ
မျက်နှာမလန်းတာကတော့ မလန်းအောင် လုပ်တဲ့သူကြောင့်ပေါ့ "" ပြောလိုက်ရင် ရှေ့မလွတ် နောက်မလွတ်နဲ့ "
" ဒါနဲ့ မမ
ခြံထဲလိုက်အုန်းမလား "" အင်း လိုက်မယ် "
" ကျွန်တော် လွယ်အိတ်သွားယူလိုက်အုန်းမယ် မမလည်း လိုချင်တာရှိရင် ယူထားလေ "
ကျွန်တော် အခန်းထဲပြန်ဝင်ပြီး လွယ်အိတ်ကိုယူကာ စားစရာအချို့ နဲ့ ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ စာအုပ် ၂ အုပ်ကို ထည့်လိုက်သည်။
အခန်းထဲက ပြန်ထွက်လာတော့" ဒိတ် အတွက် "
" ဟာ မမ "
" မနေ့က စျေးထဲသွားရင်း ဒိတ်ကြိုက်မယ်ထင်လို့ ဝယ်လာပေးတာ "
" ကြိုက်တာပေါ့ မမရဲ့ အင်္ကျီကလည်း ကျွန်တော့်အကြိုက် အစိမ်းနဲ့ အညိုကလည်း ကျွန်တော်အကြိုက်ဆုံးတွေလေ "
" ကဲ ဒါဆို အင်္ကျီတွေကို အခန်းထဲသွားပြန်ထားအုန်း ခြံထဲသွားကြမယ် "
ကျွန်တော် ဆိုင်ကယ်မောင်းနေချိန် မမက အနောက်ကနေ တစ်လမ်းလုံး ဘာတွေပြောလို့ ပြောနေမှန်းမသိ။ အစကတော့ ငါမမက အနေအေးတယ်လို့ထင်ခဲ့တာ အခုသိလည်းသိရော ပြောလိုက်တဲ့စကား ရေပတ်မဝင်။
" ဒိတ် ဒိတ်လို့ "
" ဗျာမမ "
" မမ ဘာတွေလိုသေးလဲ "
" အခုဘာတွေထည့်လာလဲ "
" အချိုရည်နဲ့ မုန့် "
ကျွန်တော်ပြုံးမိသွားသည်။ ဘာတွေလိုသေးလဲ ဆိုတာ မုန့်ကိုမေးတာ ထင်တယ်။ တကယ့် အရူးမလေး။
" ဒိတ် ဘာလိုသေးလဲလို့ "
" ဘာမှမလိုဘူး ကျွန်တော့်အနားရှိနေဖို့ပဲ လိုတယ် "
" အမလေး ရင်ခုန်လိုက်တာ စကားတွေက "
တစ်လမ်းလုံး ပျော်ရွှင်ဖွယ် ပေါက်ကရတွေပြောရင်း ခြံထဲသို့ ရောက်ခဲ့သည်။
YOU ARE READING
မမ ( Complete )
Romanceမန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိုက်တော့ ရင်ခုန်သံက တစ်ဒုတ်ဒုတ်နဲ့။ ကျွန်တော် ကျေနပ်စွာပြုံးရင်း အမရပူရမြို့ကို နှုတ်ဆက်လိုက်တယ် ချစ်သောသူလေး ရှိတဲ့ ချစ်တဲ့အမရပူရရေ ငါတစ်ဖန်...