ကျွန်တော်နဲ့မမက ချစ်သူလည်းမဟုတ် သူငယ်ချင်းအရွယ်လည်း မဟုတ်ပါပဲ အတိုင်းအတာတစ်ခုထက်တော့ ပိုရင်းနှီးနေပါသည်။ ဒီအခြေအနေရောက်အောင်လည်း ကျွန်တော် တမင်ဖန်တီးယူထားခြင်း ဖြစ်သည်။
" မမကို ကြည့်ရတာ ပိန်သွားလိုက်တာဗျာ ဘာလဲ လွမ်းနေလို့လား "
" မလွမ်းပဲနေမလား လွမ်းတာပေါ့ ကိုယ့်မှာ ချစ်သူဆိုလို့ သူတစ်ယောက်ထဲ "
" အဲ့လောက်လည်း အဖြစ်မသည်းနေပါနဲ့ဗျာ တစ်နှစ်ထဲ သွားရတာကို
အခုဆိုရင်ပဲ တစ်လပြည့်နေပြီ
အချိန်တွေကလည်း မြန်လိုက်တာ "" ဘာတစ်နှစ်ထဲလဲ တစ်နှစ်ကြီးတောင် ငါ့ဘဝမှာ သူမရှိတဲ့ တစ်လက နှစ်ပေါင်း တစ်ထောင်ပဲ "
ကျွတ်
စိတ်ထဲ အောင့်သက်သက်နဲ့ ဒေါသဖြစ်သွားသည်။ သူ့ကို ကြည့်လိုက်တော့ ဘာမှမသိသလို တစ်ဖက်ကို လှည့်သွားသည်။" မမ "
" ဘာလဲ "
" ကျွန်တော့်ကို ချစ်ပါလား "
" မင်းကို ချစ်လို့ ဘာရမှာလဲ "
" စိတ်ချမ်းသာရမယ် "
ကျွန်တော် မမရဲ့ မျက်ဝန်းကို တည့်တည့်ကြည့်ပြီး အဖြေကို စောင့်စားနေလိုက်သည်။ အချစ်တစ်ခုမှာ မျက်ဝန်းက အဖြေဆိုရင် မမကျွန်တော့်ကို ချစ်တယ်လို့ ဝန်ခံနေတာပဲ။ မမ မျက်ဝန်းတွေ အရောင်လဲ့နေသည်။ ကျွန်တော် အခုကြားနေရတာ မမရင်ခုန်သံလား ဒါမှမဟုတ် ကျွန်တော့်ရင်ခုန်သံလားတော့မသိ။
ကျယ်ကျယ်လောင်လောင် ရင်ခုန်သံတစ်ခုတော့ ကြားနေရပါသည်။.....................................................
သူ့နှုတ်က ထွက်လာတဲ့စကားမှန်သမျှ ကျွန်မအတွက် ရင်ခုန်စေပါသည်။ အခုလည်းကြည့် ကျွန်မ စိတ်ချမ်းသာနေရပြီ ပျော်ရွှင်ကြည်နူးနေရပြီ။ ကျွန်မ စိတ်တွေ သူ့ဘက်ကို ယိုင်နေပြီလား။
မဖြစ်သင့်ဘူး
မဖြစ်သင့်ဘူး ဇာခြည်
မိုးက နင့်ဘဝအတွက် တစ်ဦးတည်းသော ချစ်သူ အကောင်းဆုံး ချစ်သူပဲ
သူပြောတဲ့ စကားလုံးတွေထဲ နင်မမြောစမ်းနဲ့။" အဲ့စကားတွေ တခြားလူကို သွားပြော ဒိတ်
မမကတော့ ရင်မခုန်ဘူး "
YOU ARE READING
မမ ( Complete )
Romanceမန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိုက်တော့ ရင်ခုန်သံက တစ်ဒုတ်ဒုတ်နဲ့။ ကျွန်တော် ကျေနပ်စွာပြုံးရင်း အမရပူရမြို့ကို နှုတ်ဆက်လိုက်တယ် ချစ်သောသူလေး ရှိတဲ့ ချစ်တဲ့အမရပူရရေ ငါတစ်ဖန်...