တူ တူ တူ ( ဖုန်းမြည်သံ )
အိပ်ပျော်နေချိန် ဖုန်းမြည်ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားရသည်။
" ဘယ်ကောင်နှောက်ယှက်ပြန်ပြီလဲကွာ "
အနားကဖုန်းကို လှမ်းယူပြီး ကြည့်လိုက်တော့
" ဟင် မမ "
မှေးစင်းနေသော မျက်လုံးများ ပြူးကျယ်သွားပြီး မီးတောင်ပမာ ပူလောင်ဒေါသတွေလည်း ရေခဲတွေလို အေးချမ်းပြေလျော့သွား၏။
" ဟယ်လို မမပြော "
" ဖုန်းကိုင်တာ ကြာနေလိုက်တာဟယ်
အခုမှ အိပ်ရာနိုးတာလား "" ဟုတ်တယ်လေ ( သန်းနေလျှက် ) မမချစ်သူကို လေဆိပ်လိုက်ပို့တယ် မဟုတ်လား အခု ဘယ်ကဆက်နေတာလဲ "
" ဘယ်ကမှမဟုတ်ဘူး လေဆိပ်ကပဲ မင်းဘာလုပ်နေလဲလို့ လှမ်းမေးတာ
အိပ်နေတယ်ဆိုလည်း ဆက်အိပ် "" ထပါပြီဗျာ ထပါပြီ
ဒီနေ့တော့ ခြံထဲမသွားတော့ဘူး အိမ်မှာနားမလို့ "" အင်း အင်း အဲ့ဒါဆို ဒါပဲနော် "
ဖုန်းချပြီးတာနဲ့ မိုး အဆုနဲ့ နေမင်းတို့ထိုင်နေရာဆီ ပြန်လျှောက်လာပြီး
" နင်တို့ ခုနက ဘာတွေပြောနေကြတာလဲ "
" ဘာမှမဟုတ်ပါဘူး ခွဲခါနီးဆိုတော့ သတိရပါ ဘာညာပေါ့ "
" ချစ်လည်း မိုးကို သတိရနေမယ်နော် "
" မိုးက တစ်က္ကန့်တောင် မမေ့ဘူး ဟုတ်ပြီလား
မိုး သွားတော့မယ်နော် အရမ်းချစ်တယ်ဆိုတာ မမေ့နဲ့ "ခွဲခါနီး ချစ်သူရဲ့ နှဖူးထက် အနမ်းလေးတစ်ပွင့် ခြွေချလိုက်သည်။ ချစ်သူရဲ့ တုန့်ပြန်အနမ်းကလည်း သူမအတွက် ချိုမြိန်လွန်းလှပါသည်။ တစ်ယောက်နဲ့ တစ်ယောက် အချိန်ကြာကြာ စိုက်ကြည့်နေရင်း
" ပြန်လာတာနဲ့ လက်ထပ်မယ်နော် ချစ် "
" မြန်မြန်သာ ပြန်လာခဲ့ ပြန်လာရင် မိုးသဘော ဖြစ်စေရမယ် ဟုတ်ပြီလား "
တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားကြသည်။ တခြားစုံတွဲတွေလည်း သူတို့နည်းတူ တခြားမိသားစုတွေလည်း သူတို့နည်းတူ။
YOU ARE READING
မမ ( Complete )
Romanceမန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိုက်တော့ ရင်ခုန်သံက တစ်ဒုတ်ဒုတ်နဲ့။ ကျွန်တော် ကျေနပ်စွာပြုံးရင်း အမရပူရမြို့ကို နှုတ်ဆက်လိုက်တယ် ချစ်သောသူလေး ရှိတဲ့ ချစ်တဲ့အမရပူရရေ ငါတစ်ဖန်...