မနက် ၃ နာရီလောက်မှာ ဆက်အိပ်လို့မရပဲ မျက်လုံးကြောင်နေတာကြောင့် အတိတ်တစ်ချို့ကို ပြန်တွေးနေမိသည်။
သူငယ်ချင်းတွေနဲ့ ရွာမှာအပူအပင်ကင်းစွာ ပျော်ရွှင်နေသော ကိုယ့်ပုံရိပ်လေးကို ပြန်မြင်ယောင်လာသည်။ သူငယ်ချင်းတွေက faကောင်လို့ ခေါ်တိုင်း ငါက မန္တလေးသူကို ယူမှာလို့ ရင်ဝယ်ပီတိနဲ့ ခွန်းတုန့်ပြန်ခဲ့ဖူးသည်။
" နင်က မိန်းကလေးချင်းကြိုက်နေတာလား "
" မဟုတ်ဘူး ငါကြိုက်တဲ့သူက မိန်းကလေး ဖြစ်နေတာ "
ကျွန်တော်ဖြေတာကို သူတို့နားမလည်သလိုနဲ့ ခေါင်းကုတ်သည်။ ကျွန်တော်ကလည်း ဆက်ပြီး မရှင်းပြ သူတို့အမြင်ကိုလည်း ဂရုစိုက်ပါ။
ကိုယ့်အတွေးနဲ့ကိုယ် သာယာပျော်ရွှင်နေသော ကျွန်တော့်ဘဝကို မြှားနတ်မောင်က ဝင်ရောက်နှောက်ယှက်သည်။ အခုတော့ သူ့ကြောင့် ကျွန်တော့်နှလုံးသား ကွဲကြေခံစားရပြီ။ သက်ပြင်းတွေ အကြိမ်ကြိမ်ချရင်း တဲပေါ်မှဆင်းကာ ထင်းမီးဖိုလေးနဲ့ ရေနွေးကျိုနေလိုက်သည်။ မီးနဲ့နီးလို့ ပူလောင်တာကို အချစ်ကြောင့်လို့တော့ ခေါင်းစဥ်မတပ်ချင်။
ရေနွေးကျိုပြီးတော့ ခွက်နှစ်ခွက်ယူကာ သူမအတွက် တစ်ခွက်ဖျော်ပေးလိုက်မိသည်။ အခုနေ နှစ်ခြိုက်စွာ အိပ်နေမယ့် သူမ။
ချစ်တယ် ဇာခြည်
မင်းကိုငါ အရမ်းချစ်တယ်
နှုတ်က ထပ်တိုးတိုးညည်းရင်း ကော်ဖီတစ်ခွက်ဘေးချ တစ်ခွက်ကို သောက်နေလိုက်သည်။.......................................................
ကောင်းကင်ကို ငေးကြည့်နေချိန် ကော်ဖီခွက်အနားလာချပေးမယ့် သူကမရှိ။ အခုနေ သူအိပ်လို့ရပါ့မလား တောခြံတွေနဲ့ နီးတာကြောင့် ခြင်တွေက မတရားဖြစ်နေမည်။
ခြင်တွေ တဝီဝီမြည်ရင် စိတ်တိုတတ်တယ်လို့ သူပြောဖူးသည်။ အခုရော အဲ့ခြင်တွေကြောင့် သူအိပ်လို့တောင် ရပါ့မလား။
အနားက ဖုန်းလေးကို ကောက်ကိုင်ပြီး သူ့ဆီဖုန်းဆက်ကာ ကော်ဖီသောက်ချင်တယ်လို့ ပြောလိုက်ချင်သည်။ ဒါပေမယ့် မပြောသင့်ဘူးထင်ကာ ဖုန်းပြန်ချလိုက်သည်။
YOU ARE READING
မမ ( Complete )
Romanceမန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိုက်တော့ ရင်ခုန်သံက တစ်ဒုတ်ဒုတ်နဲ့။ ကျွန်တော် ကျေနပ်စွာပြုံးရင်း အမရပူရမြို့ကို နှုတ်ဆက်လိုက်တယ် ချစ်သောသူလေး ရှိတဲ့ ချစ်တဲ့အမရပူရရေ ငါတစ်ဖန်...